1. Home
  2. Myanmar News

လက်ရှိမြင့်တက်လျှက်ရှိသော စက်သုံးဆီဈေးနှုန်းက လျှော့ရောင်းနေတာပါဟုဆို

Myanmar News พ.ค. 23, 2561 view 1,501

မြန်မာနိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်းများ ရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေတာနဲ့ ပက်သက်၍ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းက မေလ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

“ဈေးက နိုင်ငံခြားမှာ ၁၁၈ ကျပ်လောက် တက်သွားတယ်။ ပြည်တွင်းမှာ တက်တာက ၁၀၈ ကျပ်ပဲတက်တာဖြစ်လို့ ၁၀ ကျပ်လောက်တောင် ကျွန်တော်တို့ ဈေးနှုန်းတက်တာလျော့တယ်။ အရှုံးအမြတ်အနေနဲ့ ဧပြီလတုန်းက ၃.၅ ရာခိုင်နှုန်းပဲရှုံးတယ်။ အခု ၄.၂၃ ရာခိုင်နှုန်း စာရွက်ပေါ်မှာ အရှုံးပေါ်ပါတယ်” ဟု အသင်း၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာဝင်းမြင့်က ပြောကြားခဲ့သည်။

လက်ရှိပြည်တွင်းတွင် ဖြစ်ပေါ်နေသည့်ဈေးနှုန်းမှာ ယခင်က ဈေးအနိမ့်ဖြင့် ဝယ်ယူထားသော လက်ကျန်စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချနေသည့်အတွက် နိုင်ငံတစ်ကာတွင် တက်နေသည့်ဈေးနှုန်းပေါက်ဈေးထက် ၄ ရာခိုင်နှုန်းကျော် လျော့ပြီးရောင်းချနေတာဖြစ်ကြောင်း၊ သို​သော် ဆီဈေးနှုန်း တက်နေသည့်ကာလဖြစ်သည့်အတွက် တင်သွင်းရေားချနေသည့် ဆိုင်များအနေနဲ့ ရှုံးနိုင်ကြောင်း ရှင်းလင်းခဲ့သည်။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနှင့် ဒေါလာတန်ဖိုး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းမှာလည်း စက်သုံးဆီဈေးနှုန်းများ မေလ မှစတင်ကာ သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိတွင် အောက်တိန်း 92 ၁ လီတာ ၈၆၅ ကျပ်၊ အောက်တိန်း 95 ၁လီတာ ၉၁၅ ကျပ်၊ ဒီဇယ် ၁ လီတာ ၉၀၀ ကျပ်နှင့် ပရီမီယံဒီဇာ် ၁ လီတာ ၉၁၅ ကျပ် (ရန်ကုန်) ပေါက်ဈေး ရှိနေကြောင်း သိရှိရသည်။
 



Follow us on