1. Home
  2. Movie Stars - Celebrity

ပရိသတ်တွေ မယုံနိုင်အောင်ဖြစ်ခဲ့ရတဲ့ “ဂျက်လီ” ရဲ့ လတ်တလောဓါတ်ပုံ

Movie Stars - Celebrity พ.ค. 23, 2561 view 1,860

ကမ္ဘာကျော်တရုပ်သိုင်းမင်းသား ဂျက်လီရဲ့ လက်ရှိ ဓါတ်ပုံတစ်ပုံကြောင့် တစ်ကမ္ဘာလုံးက သူ့ရဲ့ပရိသတ်တွေ ထိတ်လန့်အံ့အားသင့်ခဲ့ရပြီး ဒါဟ “ဂျက်လီ” မှ ဟုတ်ရဲ့လားလို့ အသေအချာပြန်ကြည့်ခဲ့ကြရပါတယ်။

အခုဆိုရင် အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ “ဂျက်လီ” ဟာ သူ့ရဲ့အသက်ထက်ပိုပြီး အရွယ်ကျ အိုစာသွားတာကို တွေ့ရပါတယ်။ ဟုတ်ပါတယ် ဒီပုံဟာ ဂျက်လီရဲ့ ပုံအစစ်ဖြစ်ပါတယ်။
လတ်တလောမှာ တိဘက်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုကို အလည်အပတ်သွားရောက်နေစဉ် ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။

ဂျက်လီရဲ့ ကျန်းမာရေးဟာ ၂၀၁၀ ခုနှစ်ကစလို တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့တာဖြစ်ပါတယ်။
ကျွန်တော် ကျန်းမာရေးမကောင်းတဲ့ ဒဏ်ကိုခံခဲ့ရတာပါ ဥပမာအားဖြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ထိန်းတဲ့ဒြပ်ကို ထိန်းပေတဲ့ သိုင်းရွိုက်အကျိတ်ပြဿနာလိုမျိုးပေါ့၊ ဆေးတွေအများကြီး သောက်နေရတော့ ဝိတ်လည်းကျသွားတာပေါ့

“ဆေးတွေနဲ့ နှလုံးခုန်နှုန်းကို ထိန်းပေးနေရတာကြောင့် လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်တော့ပါဘူး” လို့ ဂျက်လီက ဆိုပါတယ်။

သူရဲ့နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ ၁၃၀ ကနေ ၁၄၀ ထိ ရှိတာကြောင့် သာမန်နှလုံးခုန်နှုန်း ၆၀ ကနေ ၁၀၀ ကြားထက် အများကြီးပိုမြန်နေတယ်လို့ ဆိုပါတယ်။
ဂျက်လီရဲ့ မန်နေဂျာဖြစ်သူ စတီဗင်ချက်စ်မန် က ဂျက်လီဟာ သိုက်ရွိုက်ရောဂါခံစားနေရတာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ အသက်အန္တရယ်ခြိမ်းခြောက်မှု မရှိသေးဘူးလို့ဆိုပါတယ်။


၂၀၁၃ ခုနှစ်တုန်းက ဆရာဝန်တွေက ဂျက်လီအနေနဲ့ ခပ်ကြမ်းကြမ်းလှုပ်ရှားရတဲ့ အက်ရှင်ကားတွေပဲ ဆက်ရိုက်နေဦးမယ်ဆိုရင် ခင်ဗျားဘဝက ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အဆုံးသတ်သွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

ဒီဓါတ်ပုံကို မြင်တွေ့ခဲ့ပြီးနောက် သူ့ရဲ့ပရိသတ်တွေအားလုံးက စိတ်မကောင်းဖြစ်ကြပြီး အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။
အက်ရှင်ကားတွေ ထပ်ပြီးမရိုက်နိုင်တော့သည့်တိုင် “ဂျက်လီ” တစ်ယောက် ကျန်းမာရေးအမြန်ဆုံးကောင်းမွန်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
 



Follow us on