1. Home
  2. Special or Others

လက်ရဲဇတ်ရဲနဲ့ ခရီးသည်အမျိုးသမီးရဲ့အင်္ကျီကို ဆွဲလှန်ကြည့်တဲ့ တက္ကစီသမား

Special or Others พ.ค. 23, 2561 view 1,510

မိန်းကလေးတွေ တစ်ယောက်ထဲ တက္ကစီ စီးရင် ဘယ်တော့မှ ရှေ့ခန်းမှာ လိုက်မစီးမိပါစေနဲ့။ နောက်ခန်းက စီးတာပိုပြီးတော့ လုံခြုံပါတယ်။
ရှေ့ခန်းကစီးမိလို့ အခုလို လက်ရဲဇတ်ရဲ တက္ကစီသမားနဲ့တွေ့တဲ့အခါကျရင် ကိုယ့်အတွက် အန္တရာယ်ရှိပါတယ်။

တရုပ်နိုင်ငံ စီချွမ်းက တက္ကစီသမားတစ်ဦးဟာ ငှားစီးလာတဲ့ ခရီးသည်အမျိုးသမီးကို ပို့ပေးရမယ့်နေရာအရောက်၊ ပိုက်ဆံပြန်အမ်းပြီး တက္ကစီပေါ်က ဆင်းကာနီးမှာ “မင်းကအရမ်းလှတာပဲ” လို့ပြောပြီး အမျိုးသမီးရဲ့ အင်္ကျီလည်ပင်းကို သူ့လက်နဲ့ ဇက်ကနဲ ဆွဲဟပြီး ရင်သားကို ငုံ့ကြည့်လိုက်ပါတယ်၊ အမျိုးသမီးက သူ့အင်္ကျီကိုပြန်ဆွဲပြီး သူ့ကို ဒေါသနဲ့ကြည့်တဲ့အခါမှာ ပြုံးဖြဲဖြဲတဲ့ ဂရုမစိုက်သလို အမူအယာ လုပ်နေခဲ့တာကို ကားမှာတပ်ထားတဲ့ ကင်မရာကနေ အားလုံးမှတ်တမ်းတင်ထားခဲ့တာပါ။


အဆိုပါဗီဒီယို အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်ပျက်ခဲ့တဲ့နေ့ နေ့လည်ပိုင်းမှာပဲ သယ်ယူပို့ဆောင်ရေးဌါနက တက္ကစီသမားရဲ့ ယာဉ်မောင်လိုင်စင်ကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ရဲတွေကလည်း သူ့ကိုလိုက်ရှာခဲ့ပါတယ်။

နာရီအနည်းငယ်အကြာမှာတော့ အသက် ၄၃ နှစ်အရွယ် တက္ကစ္မောင်းသူ အမျိုးသားအား ဖမ်းဆီးခဲ့ပြီး ၁၀ ရက်ကြာထိမ်းသိမ်းခြင်းခံထားရပါတယ်။
 



Follow us on