1. Home
  2. Movie Stars - Celebrity

ချစ်သက်တမ်း ၅နှစ်ပြည့်သွားပြီဖြစ်တဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာ

Movie Stars - Celebrity พ.ค. 23, 2561 view 1,810

ဒီကနေ့မှာဆိုရင်တော့ အနုပညာလောကမှာ နာမည်ကြီးကျော်ကြားခဲ့ကြတဲ့ ၀ါရင့်သရုပ်ဆောင်နစ်ဦးဖြစ်တဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ရဲ့ ချစ်သက်တမ်း  ၅နှစ်ပြည့်နေ့လေးဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်က အခက်အခဲတွေ၊ ဝေဖန်မှုတွေကြားထဲကနေလက်တွဲခဲ့ကြတာလည်းဖြစ်ပါတယ်။ ရက်ပေါင်း ၆၀ ပြည့်သွားတဲ့ ယနေ့ချိန်ထိ ဝေဖန်သူတွေရှိနေသေးပေမယ့် နှစ်ယောက်လုံးကို ချစ်ခင်သဘောကျလာသူတွေလည်းရှိနေပါပြီ။ 

ဒီနေ့မနက်စောပိုင်းမှာ ကိုစိုးသူက “ Happy Anniversary for 60 months… I Love You” ဆိုတဲ့ စာသားလေးနဲ့အတူ ပုံလေးတစ်ပုံတင်ကာ Anniversary နေ့လေးအတွက် ဂုဏ်ပြုစကားဆိုထားတဲ့ ပို့စ်လေးတစ်ခုကို တင်ခဲ့တာဖြစ်ပါတယ်။

ထိုပို့စ်လေးရဲ့အောက်မှာတော့ နှစ်ယောက်လုံးကို အားပေးချစ်ခင်နှစ်သက်သူတွေကတော့ ဂုဏ်ပြုဆုတောင်းစကားလေးတွေဆိုကာ ကောမန့်ပေးထားကြတာကိုလည်း တွေ့ရပါတယ်။

 စိုးသူနဲ့ စိုးမြတ်နန္ဒာနှစ်ယောက်လုံးက နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးများဖြစ်ကြပေမယ့် ခေတ္ကခဏအနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့ကြပါသေးတယ်။

လက်ရှိအချိန်မှာတော့ ကိုစိုးသူက ဇာတ်ကားရိုက်ကူးမှုတွေ ပြုလုပ်သွားမည်ဆိုကာ အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာပေမယ့် မစိုးမြတ်နန္ဒာကတော့ ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးပေ…..

ပရိတ်သတ်ကြီးကလည်း ကိုစိုးသူတို့နှစ်ယောက်ရဲ့ ချစ်သက်တမ်း ၅နှစ်ပြည့်အတွက် ဂုဏ်ပြုစကားလေးတွေ ဆိုသွားပါဦးနော်….

 

 



Follow us on