1. Home
  2. Special or Others

ဝန်ထမ်းတွေကို သူဌေးက အတွင်းခံနဲ့ လမ်းပေါ်ထွက်ကခိုင်းပြီး အပြစ်ပေး

Special or Others พ.ค. 23, 2561 view 1,796

တရုပ်နိုင်ငံရှိ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသားဝန်ထမ်း (၄)ဦးကို ဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံရာမှာ ညံ့ဖျင်းလွန်းတဲ့အတွက် အလုပ်ရှင်က သူတို့ကို ကုမ္ပဏီရဲ့ရှေ့ လမ်းမပေါ်မှာ အတွင်းခံဘောင်းဘီနဲ့ ထွက်ကခိုင်းပြီး အပြစ်ပေးခဲ့ပါတယ်။


ဂိန်ဆူးပြည်နယ် နန်တန်းမြို့မှာရှိတဲ့ ရုံးခန်းရဲ့ ရှေ့မှာ အတွင်းခံဘောင်းဘီကလွဲပြီး အခြားအဝတ်အစားမပါတဲ့ ဝန်ထမ်းအမျိုးသား ၄ ဦး ကနေရတဲ့ ဗီဒီယိုက တရုပ်လူမှုကွန်ယက်ပေါ်မှာ ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အလုပ်သမားတွေအပေါ် အခုလိုအပြစ်ပေးခဲ့တဲ့ Read Peak အိမ်ခြံမြေကုမ္ပဏီကို ထုချေလွှာတင်ဖို့ သက်ဆိုင်ရာက တောင်းဆိုတာခံရပါတယ်။ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်တွေပေးတဲ့ ပြစ်ဒဏ်က မသင့်လျော်ဘူးဆိုရင် ငြင်းဆိုပိုင်ခွင့်ရှိကြောင်း ဒါမှမဟုတ် တရုပ်နိုင်ငံ အလုပ်သမားဥပဒေကို ချိုးဖောက်တဲ့ အလုပ်ရှင်ကို ပြန်လည်တရားစွဲနိုင်ကြောင်း ရှေ့နေတစ်ဦးက မီဒီယာများကို ပြောကြားခဲ့ပါတယ်။

တရုပ်ပြည်မှာ အခါအားလျော်စွာ အလုပ်ရှင်တွေက ထုတ်ပြန်တဲ့ ကုမ္ပဏီရဲ့ စည်းမျည်းတွေအောက်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ဝန်ထမ်းတွေ အများကြီးရှိနေဆဲပါ။
 



Follow us on