1. Home
  2. Special or Others

တက္ကစီဒရိုင်ဘာက ခရီးသည်အမျိုးသမီးကို တစ်လမ်းလုံး အပြာကားဖွင့်ပြ

Special or Others พ.ค. 23, 2561 view 2,271

တစ်ယောက်ထဲ တက္ကစီကားငှားစီးမိတဲ့ အမျိုးသမီးဟာ တစ်လမ်းလုံး တက္ကစီသမားဖွင့်ပြထားတဲ့ အပြာကားကို တုန်လှုပ်ခြောက်ခြားစွာနဲ့ ဘာမှပြန်မပြောရဲပဲ ကြည့်ရှုခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု မေလ ၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

တရုပ်ပြည် တက္ကစီကုမ္ပဏီဖြစ်တဲ့ Didi တက္ကစီကို ငှားစီးမိတဲ့ အမျိုးသမီးဟာ ကားနောက်ခန်းမှာ ဝင်ထိုင်လိုက်လာပါတယ်။ ကားစထွက်ပြီ ဆိုကတည်းက တက္ကစီဒရိုင်ဘာဟာ ကားရဲ့တီဗီမှာ အပြာကားကို အသံအကျယ်ကြီးနဲ့ သူမမြင်သာအောင် ဖွင့်လိုက်တာကြောင့် အမျိုးသမီးမှာ တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး အန္တရာယ်ပေးမှာ စိုးရိမ်တဲ့ ကြောက်စိတ်နဲ့ ခရီးစဉ်တစ်ခုလုံး ဘာတစ်ခွန်းမှ မပြောရဲပဲ ငြိမ်ငြိမ်လေး လိုက်လာခဲ့ရပါတယ်။

ဒါပေမယ့် သူ့ရဲံလုပ်ရပ်ကို တိုင်ကြားဖို့တော့ သက်သေအဖြစ် ဖုန်းနဲ့ခိုးရိုက်ခဲ့ပါတယ်။ အဲဒီနောက် တက္ကစီကုမ္ပဏီကို ဗီဒီယိုဖိုင်ပေးပို့ကာ တိုင်းကြားခဲ့ပါတယ်။ ကုမ္ပဏီက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ သူမကို ပြန်ပြောခဲ့ပါတယ်။


ဒါပေမယ့် ၁၀ ရက်ကျော် ကြာလာသည့်တိုင် ဘာအကြောင်းမှမထူးပဲ Didi တက္ကစီစီးနင်းခွင့် ၁၇ ယွမ်ဖိုးသာ ပေးလာတဲ့အတွက် နောက်ဆုံးမှာ သူမရဲ့ဖြစ်စဉ်ကို အွန်လ်ုင်းပေါ်မှာ ဝေမျှပြီး အသိပေးခဲ့တာဖြစ်ပါတယ်။
 



Follow us on