1. Home
  2. Myanmar News

ဘတ်ထရီစက်ဘီး အလစ်သုတ်သွားတဲ့ကိုယ်တော်အား ရဲတိုင်ကြား

Myanmar News พ.ค. 24, 2561 view 2,051

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးတွင် ခတ္တရပ်ထားသော ဘက်ထရီစက်ဘီးတစ်စီးကို သင်္ဃန်းဝတ်ကိုယ်တော်တစ်ပါးက ပိုင်ရှင်မရှိခိုက် အရိပ်အခြေကြည့်ကာ ခိုးယူသွားသော စီစီတီဗီမှတ်တမ်းရုပ်သံ လူမှုကွန်ယက်တွင် ပျံ့နှံ့လျှက်ရှိသည်။

စီစီတီဗီရုပ်သံပုံရိပ်များအရ ကိုယ်တော်ဟာ စံပြဈေးအနီးတွင် ဖြတ်သွားဖြတ်လာများထံမှ အကြွေလေးများကို လိုက်လံအလှူခံနေခဲ့တာဖြစ်ကြောင်း အခိုးခံရသော စက်ဘီးပိုင်ရှင်က ပြောဆိုခဲ့ပြီး သူကိုယ်တိုင် ပါလာသောပိုက်ဆံ ၃၅၀ ကျပ်ကို လှူခဲ့ကြောင်း ကြားသိရသည်။

ထို့နောက် ကိုယ်တော်က လူရှင်းမရှင်း အကဲခပ်ကာ ဘက်ထရီစက်ဘီးကို အလစ်သုတ်ယူဆောင်သွားကြောင်း တွေ့ခဲ့ရသည်။


စက်ဘီး၏တန်ဖိုးမှာ ငွေကျပ် ၂ သိန်းဝန်ကျင်ရှိပြီး စီစီတီဗီမှတ်တမ်းနဲ့တစ်ကွ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရှိရသည်။
 



Follow us on