1. Home
  2. Movie Stars - Celebrity

ကချင်မြေက စစ်ဘေးရှောင်စခန်းတစ်ခုမှာ မွေးနေ့ပွဲကျင်းပခဲ့တဲ့ လုလုအောင်

Movie Stars - Celebrity พ.ค. 25, 2561 view 1,568

မေလ ၂၄ ရက်နေ့မှာကျရောက်ခဲ့တဲ့ ပုရိဿတို့ရဲ့အသည်းကျော် ခေးကြီးလုလုအောင်ရဲ့ မွေးနေ့လေးကတော့ စည်ကားစွာနဲ့ပြီးဆုံးသွားပြီဖြစ်ပါတယ်။ လုလုအောင်က မွေးနေ့အလှူပွဲလေးကို ဇာတိမြေကချင်ပြည်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ သွားရောက်ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ သွေးချင်းမောင်နှမများနဲ့ ကျင်းပခဲ့တဲ့ လုလုအောင်ရဲ့ မွေးနေ့ပွဲလေးကတော့ မြင်ရတာ ၀မ်းနည်း၊ ၀မ်းသာ ပီတိဖြစ်စရာလဲကောင်းလှပါတယ်။

“ခေးကြီးရဲ့မွေးနေ့ရက်လေးမှာ ဇာတိမြေကသွေးချင်းတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့တယ်” ဆိုတဲ့ စာသာလေးနဲ့အတူ မွေးနေ့ပွဲကို ဖြတ်သန်းခဲ့ကြတဲ့ပုံရိပ်လေးတွေကို လုလုအောင်က သူမရဲ့ လူမှုကွန်ယက်မှာ တင်ထားတာပဲဖြစ်ပါတယ်။ 

လုလုအောင်က မော်ဒယ်လောကမှာ နာမည်ရကျော်ကြားလာတဲ့ sexy မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ သမီးလေးတစ်ယောက်နဲ့အတူ single mother ဘ၀ကို ရဲရဲဝင့်ဝင့် ဖြတ်သန်းနေတဲ့သူမကတော့ ပုရိဿယောက်ျားတို့ရဲ့ပါးစပ်ဖျားမှာတော့ ရေပန်းစားသူ တစ်ယောက်လည်းဖြစ်ပါတယ်။

 

 

 



Follow us on