ထိတ်လန့်စရာ အဖြစ်ပျက်တစ်ခု တနင်္ဂနွေနေ့ နံနက်ပိုင်းက ထိုင်ဝမ်နိုင်ငံ ရထားဘူတာရုံတစ်ခုမှာ ဖြစ်ပွားခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ရထားတွဲနဲ့ ဘူတာရုံပလက်ဖောင်းကြားမှာ ညပ်နေခဲ့ပါတယ်။ ခရီးသည် ၃၀ လောက်နဲ့ မီးရထားဝန်ထမ်းတွေ ပူးပေါင်းပြီး ၄၅ တန်လောက်လေးတဲ့ ရထားတွဲကို တွန်းမခဲ့ပေမယ့် အမျိုးသမီးကြီးကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။
ဖြစ်စဉ်ကတော့ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးကြီးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ တိုင်တောင်းမြို့ကို သွားဖို့ ဘူတာကနေ ရထားပေါ်တက်ခဲ့ပါတယ်။ ရထားပေါ်အရောက် နေရာမှာ အကျအနထိုင်နေပြီးမှ ဘူတာထဲမှာ သူမရဲ့လွယ်ကြိုးအိတ် ကျန်နေခဲ့တာကို သတိရသွားပြီး ပြန်ယူဖို့ ရထားပေါ်ကထလာတဲ့အချိန်မှာ ရထားကလည်း စတင်ရွေ့လျားထွက်ခွာနေပါပြီ။
အမျိုးသမီးကြီးက ရွေ့နေတဲ့ရထားပေါ်က ဇွတ်အတင်းခုန်ဆင်းလိုက်ပြီး သူမရဲ့ အိပ်ကိုယူကာ ရထားပေါ်ကို ပြန်တက်ရန် ကြိုးစားစဉ် ခြေချော်ပြီး တွဲနဲ့ ပလက်ဖောင်းကြား ပြုတ်ကျကာ ညပ်နေခဲ့ရတာဖြစ်ပါတယ်။
ရထားဝန်ထမ်းက အရေးပေါ်အချက်ပေးသံ ဆွဲလိုက်ပြီးရထားကို ချက်ခြင်းရန်တန့်စေခဲ့ပေမယ့် အမျိုးသမီးကြီးက ညပ်နေဆဲပါ။ ၁၂ မိနစ်လောက်အကြာမှာတော့ ရထားတွဲပေါ်က ခရီးသည်တွေဆင်းလာပြီး တွဲကို စောင်းသွားအောင် ဝိုင်းဝန်းတွန်းမဖို့ ကြိုးစားခဲ့ပါတယ်။
ခဏအကြာမှာ ကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီး အမျိုးသမီးကြီးကို ဆွဲထုတ်နိုင်ခဲ့ပေမယ့် နောက်ကျသွားခဲ့ပါပြီ။