1. Home
  2. Special or Others

လေယာဉ်ပေါ်ဗုံးထောင်ထားတဲ့ သတင်းကြောင့် ခရီးသည်များ အရေးပေါ်ထွက်ပေါက်မှခုန်ချ

Special or Others พ.ค. 30, 2561 view 1,597

အင်ဒိုနီးရှား ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Lion Air တွင် ဗုံးထောင်ထားသည်ဆိုသော သတင်းကြောင့် ခရီးသည်များအားလုံး အရေးပေါ်တံခါးပေါက်မှ ခုန်ချထွက်ပြေးရင်း ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံ ဆူပါဒိုလေဆိပ်မှ တွက်ခွာမည့် Lion လေကြောင်းလိုင်းပေါ်တွင် ခရီးသည်တစ်ဦးက လေယာဉ်ပေါ်တွင် ဗုံးထောင်ထားကြောင်း ကျီစယ်ပြောဆိုခဲ့ရာမှ သတင်းပျံ့နှံ့သွားပြီး လေယာဉ်ပေါ်မှ ခရီးသည်များ ကြောက်လန့်ကာ အရေးပေါ်တံခါးပေါက် တွန်းဖွင့်ပြီး ဆင်းပြေးခဲ့ကြခြင်းဖြစ်သည်။

ကျီစယ်ခဲ့သူ ခရီးသည်၏ အမည်ကို ဖော်ပြထားခြင်းမရှိပဲ အဆိုပါခရီးသည်ဟာ သူ့ရဲ့ခရီးဆောင်အိပ်ကို တပါတည်းယူဆောင်ခွင့်မပြုပဲ လေယာဉ်ကုန်တင်ခန်းထဲ ထည့်ခဲ့တာကြောင့် ဒေါသဖြစ်ပြီး ယခုကဲ့သို့ သတင်းအမှား ဖြန့်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါခရီးသည်အား လေကောင်းလိုင်းမှ လိုက်ပါခွင့် ပိတ်ပင်ခဲ့သည်။

လေယာဉ်မှူးက သတင်းအမှားသာဖြစ်ပြီး ခရီးသည်များ ငြိမ်သက်စွာနေကြရန် ပန်ကြားခဲ့ပေမယ့် ခရီးသည်တွေက အရေးပေါ် တံခါးပေါက်က အတင်းဖွင့်ဆင်းခဲ့ကြတာဖြစ်ပါတယ်။
 



Follow us on