1. Home
  2. Myanmar News

လေးလောင်းပြိုင် လူသတ်တရားခံများ ဖမ်းဆီးမိပြီ

Myanmar News พ.ค. 30, 2561 view 1,650

မိုးကုတ်မြို့နယ် စိန်အင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လးသတ်မှုမှ တရားခံများကို မေလ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

မေလ ၁၇ ရက်နေ့ နေ့လည်ပိုင်က ဖြစ်ပွားခဲ့သော လူသတ်မှုတွင် အမျိုးသား ၄ ဦး အသတ်ခံခဲ့ရပြီး မူးယစ်ဆေးဝါးကိစ္စနဲ့ ဆက်စပ်ကာ အသတ်ခံခဲ့ရတာ ဖြစ်နိုင်ကြောင်း  ကင်းရဲစခန်းမှ ရဲမှူးတင်မောင်က ပြောဆိုခဲ့သည်။

လူသတ်မှုနှင့် ပက်သက်ပြီး မေလ ၂၉ ရက်နေ့က တရားခံများအား ဖမ်းဆီးရမိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ကနဦးသတင်းရရှိသည်။

 

သတင်း/ဓါတ်ပုံ - ရဲ ထက် စိုး



Follow us on