1. Home
  2. Special or Others

လသားအရွယ်သမီးငယ်ကိုရောင်းစားပြီး ရှော့ပင်းထွက်ခဲ့တဲ့မိခင် ဖမ်းခံရ

Special or Others พ.ค. 30, 2561 view 1,632

တရုပ်နိုင်ငံတွင် မိခင်တစ်ဦးက သူမရဲ့ သမီးအရင်းဖြစ်တဲ့ ၁၉ လအရွယ် ကလေးငယ်ကို လူကုန်ကူးသူများထံ ရောင်းစားခဲ့ပြီးနောက် ရတဲ့ပိုက်ဆံများနဲ့ ရှော့ပင်းထွက်ကာ မိတ်ကပ်ပစ္စည်းများ စိတ်ကြိုက်ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက် ရဲများက စုံစမ်းသိရှိခဲ့ကာ ဖမ်းခံခဲ့ရပါတယ်။

“ယု” ဟု သတင်းမှာဖော်ပြခံရတဲ့အမျိုးသမီးဟာ သူမရဲ့ ၁၉ လသားသမီးငယ်ကို ကလေးလူကုန်ကူးသူများဆီမှာ တရုပ်ယွမ်ငွေ ၅၀,၀၀၀ (ကျပ် ၁၀၄ သိန်းကျော်) နဲ့ ရောင်းစားခဲ့ပြီးနောက် အဲဒီနေ့မှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှောပင်းထွက်ကာ အလှပြင်ပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။

အဲဒီနောက် သူမဟာ ရဲစခန်းမှာ သူမရဲ့ ကလေး ဘူတာရုံမှာ ပျောက်ဆုံးသွားကြောင်း လီဆယ်ပြီးတိုင်ကြားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကလေးပျောက်ပြီး မကြာမီသူမရဲ့ ဘဏ်အကောင့်ထဲမှာ ယွမ်ငွေ ၅၀,၀၀၀ ချက်ခြင်းရောက်လာတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီနောက် ရဲများက ဘူတာရုံမှာတပ်ဆင်ထားတဲ့ စီစီတီဗီကို စစ်ဆေးကြည့်ရာ သူမကိုယ်တိုင် ကလေးကို ရောင်းစားခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီနောက် သူမနဲ့အတူ ကလေးလူကုန်ကူးလုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကိုပါ ဆက်လက် ခြေရာခံဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဆက်လက် စစ်ဆေးချက်အရ ကလေးပျောက်ပြီ:တဲ့နေမှာပဲ အလှပြင်ပစ္စည်း ယွမ် ၆,၀၀၀ ကျော်ဖိုး ဝယ်ယူခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ “ယု” ကို ပုဒ်မ ၂၄၀ အရ ကလေးကိုရောင်းစားမှုနဲ့ ထိမ်းသိမ်းခံထားရပြီး ကလေးကိုတော့ သူ့ရဲ့အမျိုးသားက လာရောက်ခေါ်ယူသွားခဲ့ပါတယ်။
 



Follow us on