1. Home
  2. Special or Others

ကွယ်လွန်သွားတဲ့ ကားချစ်သူကို မိသားစုက ကားနဲ့အတူသင်္ဂြိုလ်

Special or Others พ.ค. 31, 2561 view 1,459

တရုပ်နိုင်ငံတွင် ကားကို အလွန်တွယ်တာ ချစ်မြတ်နိုးသူတစ်ယောက် ကွယ်လွန်သွားတဲ့အခါမှာတော့ ကျန်ရစ်သူမိသားစုက သူ့ရဲ့ ဟွန်ဒိုင်း ဆိုနာတာ ကားနဲ့အတူ ဂူသွင်းမြုတ်နှံခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က တရုပ်နိုင်ငံ ဟူဘေပြည်နယ်က “ကျိ” ဟုသောသူ ကွယ်လွန်သွားချိန်တွင် သူ့ရဲ့သေတမ်းစာအတိုင်း ကားကို အခေါင်းအဖြစ်သဘောထားပြီး မိသားစုက မြေမြုတ်သင်္ဂြိုလ်ပေးခဲ့ကြပါတယ်။


အဆိုပါဗီဒီယို ပျံ့နှံ့ခဲ့ပြီး အွန်လိုင်းပေါ်မှာ ရယ်ပွဲဖွဲ့လို့နေပါတယ်။
ကားချစ်သူမို့လို့ တော်သေးတာပေါ့၊ ခွေးတို့ ကြောင်တို့ မိန်းမတို့ ချစ်သူဆိုရင် မလွယ်ဘူး” လို့ မှတ်ချက်ပေးကြသလို “အဲ့ကားကို လာဖော်ပြီး ယူမယ့်လူ တစ်နေ့ကျပေါ်လာဦးမှာ” လို့ ဝေဖန်ခဲ့ကြသူတွေလည်း ရှိပါတယ်။

စာဖတ်သူကရော ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ..? တစ်ခုခုတော့ ပြောခဲ့ပါဦးနော်။
 



Follow us on