1. Home
  2. Movie Stars - Celebrity

ခွင့်လွှတ်ဖို့ကြိုးစားရင်း သည်းခံတတ်လာတယ်ဆိုတဲ့ အေးသောင်း

Movie Stars - Celebrity พ.ค. 31, 2561 view 1,528

 

ရိုးရှင်းပြီး တည်ငြိမ်အေးချမ်းတဲ့ အလှကိုပိုင်ဆိုင်ထားတဲ့ မအေးသောင်းက ယောက်ျားထုကြီးရဲ့သည်းသည်းလှုပ်ချစ်ခြင်းကို ပိုင်ဆိုင်ထားသူလေးလည်းဖြစ်ပါတယ်။

မကြာခဏဆိုသလို အလှဓာတ်ပုံလေးတွေကို တင်လေ့ရှိပြီး တစ်ခါတစ်ရံရင်ထဲက စာသားလေးတွေနဲ့အတူလည်း တင်တတ်ပါသေးတယ်။

သူမရဲ့အပြုံးလေးတွေက မြင်သူတိုင်းကို မချစ်ပဲမနေနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေတာတော့ အမှန်ပင်...

“ခွင့်လွှတ်ဖို့ကြိုးစားရင်း သည်းခံတတ်လာတယ်

ပြုံးဖို့ကြိုးစားရင်း ရီတတ်လာတယ်

ချစ်ဖို့ကြိုးစားရင်း သံယောဇဉ်ပိုလာတယ်

မလွမ်းတတ်အောင်ကြိုးစားရင်း မေ့ပျောက်နိုင်လာတယ်” ဆိုပြီး ရင်ထဲကစာသားလေးတွေကို သီဖွဲ့ပြီး အလှပုံလေးတွေနဲ့အတူ တင်လိုက်တာဖြစ်ပါတယ်။

အမြဲဆိုသလို မြန်မာဝတ်စုံလေးတေကိုပဲဝတ်ပြီး ပြုံးရယ်နေတဲ့ မအေးသောင်းရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်……

 

 



Follow us on