1. Home
  2. Myanmar News

တောင်ဒဂုံရပ်ကွပ်အုပ်ချုပ်ရေးမှူးအား သက်ငယ်မုဒိန်းတရားခံပြေးအဖြစ် စွပ်စွဲ

Myanmar News มิ.ย. 01, 2561 view 1,974

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ရပ်ကွပ်အုပ်ချုပ်ရေးမှူး တစ်ဦးအား ၈ နှစ်ကြာ ထွက်ပြေးလွတ်မြောက်နေသော သက်ငယ်မုဒိန်း တရားခံပြေးအဖြစ် ဂျာနယ်လစ်မျိုးမြင့် က စွပ်စွဲထားပြီး အဓ္ဓမပြုကျင့်ခံခဲ့ရသော မိန်းကလေး၏ ဗီဒီယိုရုပ်သံ အင်တာဗျူးနဲ့တစ်ကွ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည်။
ဂျာနယ်လစ်မျိုးမြင့်၏ ရေးသားမှုအပြည့်အစုံကို တည်းဖြတ်ပြင်ဆင်ခြင်းမပြုပဲ ပြန်လည်ဖော်ပြလိုက်ပါတယ်။

***********************


မုဒိမ်းတရားခံပြေးက ဒဂုံတောင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်နေ
ဂျာနယ်လစ်မျိုးမြင့်


၂၀၁၁ ခုနှစ် က သင်္ဃန်းကျွှန်းစံပြဈေး မှတ်တိုင်တွင် လိုင်းကားစောင့်နေသည့် အသက် ၁၄ နှစ် အရွယ် အမျိုးသမီးငယ်လေးကို ရောင်းစားရန် အတွက် အတင်းအဓမ္မခြိမ်းခြောက် ဓားထောက်
ခေါ်ယူကာ တည်ခိုခန်းတွင် အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့သော တရားခံ ရန်နိုင်စိုး(ခ)ကရင် မှာ ၈ နှစ်ကျော်ကြာ ထွက်ပြေး လွတ်မြောက်နေခဲ့သည်။


သက်ငယ်မုဒိမ်းမှု ကျူးလွန်းခဲ့ပြီး ထွက်ပြေးလွတ်မြောက် နေသော မုဒိန်းတရားခံပြေး အဖြစ် ဖမ်းဝရမ်း ထုတ်ခံထားရသူ ရန်နိုင်စိုး(ခ)ကရင် မှာ လက်ရှိအချိန် တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရှိ ၁၄၀ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်နေပါသည်။
ရန်နိုင်စိုး(ခ)ကရင် ကျူးလွန်ခဲ့သော သက်ငယ်မုဒိမ်းမှုမှာ ယခုအချိန်အထိ ကာယကံရှင် ဘက်က အမှုပိတ်သိမ်းခြင်း မရှိသေးသော်လည်း ယင်းသက်ငယ်မုဒိန်းမှု ပျောက်ကွယ်နေသည်မှာ ၈ နှစ် ကျော် ရှိနေပြီ ဖြစ်သည်။


သက်ငယ်မုဒိန်းမှုကို ပြန်လည် မဖော်ထုတ်နိုင်ရန် အတွက် မုဒိန်းပြု ကျင့်ခံရသူ ကာယကံရှင်အမျိုးသီးငယ် ၏ မိသားစု ကိုရန်နိုင်စိုး(ခ)ကရင် က အသက်အန္တရာယ် အပါအဝင် နည်းမျိုးစုံသော ခြိမ်းခြောက်မှုတို့ကြောင့် ကာယကံရှင် မိသားစုမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။


ရန်နိုင်စိုး(ခ)ကရင် မှာ ၂၀၁၁ ခုနှစ် သက်ငယ်မုဒိမ်းမှု ကျူးလွန်စဉ် ကတည်းက ၎င်း မှာ ဇိုး ခေါ် လူဆိုးစာရင်း သွင်းခံထားရသူ ဖြစ်သလို မုဒိမ်းမှုကျူးလွန်းပြီး မြဝတီ ဘက်သို့ ထွက်ပြေးစဉ်က
တောတွင်း လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုသို့ ဝင်ရောက်ခဲ့ဖူးသူလည်း ဖြစ်ပြီး ရန်နိုင်စိုး(ခ)ကရင် တွင် မွေးထားသော လူမိုက်အုပ်စုလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။


ရန်နိုင်စိုး(ခ)အက်ဖာစီ(ခ)အတာ(ခ)ကရင် ၏ မုဒိမ်းပြုကျင့်ခြင်းကို ခံခဲ့ရသည့်အပြင် လက်ရှိတွင် ၎င်း ၏ ခြိမ်းခြောက်ခြင်း ကို ခံနေရသည့် ကာယကံရှင် မိသားစုကို သွားရောက်တွေ့ဆုံ မေးမြန်ခဲ့သည့် ရုပ်သံ မှတ်တမ်း ကို အများပြည်သူ သိရှိအောင် ဖော်ပြလိုက်ပါသည်။
(29.5.2018)
Myo Myint

 


 



Follow us on