အသက် ၂၈ နှစ်အရွယ် ထိုင်ဝမ်အမျိုးသားတစ်ဦးဟာ အသက် ၂၇ နှစ်အရွယ် ရည်းစားဖြစ်သူ ကောင်မလေးကို သတ်ဖြတ်ကာ အပိုင်းပိုင်းခုတ်ဖြတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ်ကြိုးဆွဲချသေဆုံးခဲ့သည်။
သိုင်းပေါင်းစုံ(MMA) ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ဝှေ့နည်းပြအဖြစ် လုပ်ကိုင်နေသူ “Gary Chu” က သူ၏ ရည်းစားကောင်မလေး “Ms Huang I-Min” ကို အပျိုစစ်ကြောင်းလိမ်ညာထားခဲ့သည့်အပေါ် ဒေါသထွက်ကာ သတ်ဖြတ်ခဲ့ကြောင်း The Straits Times သတင်းတွင် ဖော်ပြပါရှိသည်။
သူတို့နှစ်ဦးဟာ အွန်လိုင်းမှချိန်ဆိုသည့် မိုဘိုင်းအပလီကေးရှင်း Tinder တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
အပိုင်းပိုင်း ခုတ်ဖြတ်ခံထားရသော “Ms Huang I-Min” ရဲ့ အလောင်းကို ပလပ်စတစ်အိတ် ၈ လုံးအပြည့် တွေ့ရှိခဲ့ရကြောင်း ထိုင်ဝမ်သတင်းက ဖော်ပြသည်။
“Ms Huang I-Min”၏ အစ်ကိုဖြစ်သူက သူ့ညီမပျောက်ဆုံးနေတာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း မေလ ၂၆ ရက်နေ့က ရဲစခန်းတွင် တိုင်ကြားခဲ့သည်။ ထို့နောက် အစ်ကိုဖြစ်သူက “Gary Chu” က သူ့ညီမကို အလိုမတူပဲ ထိန်းချုပ်ထားကြောင်း လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်ကနေ စွပ်စွဲခဲ့သေးသည်။
ရဲများက “Gary Chu” ရဲ့ နေအိမ်နှင့်တစ်ကွ စီစီတီဗီပုံရိပ်များတွင်ပါ ရှာဖွေခဲ့ရာ ပျောက်ဆုံးနေသော “Ms Huang I-Min” ဟာ မေလ ၂၀ ရက်နေ့ထဲက “Gary Chu” ရဲ့ နေအိမ်မှာ မရှိတော့ကြောင်း တွေ့ရှိခဲ့သည်။
ဆက်လက်စစ်ဆေးခဲ့ရာ မေလ ၂၂ ရက်နေ့ စီစီတီဗီပုံရိပ်များတွင် “Gary Chu” က အမှိုက်အိတ် ၇ လုံးကို သယ်ထုတ်သွားတာကို မသင်္ကာဖွယ်ရာတွေ့ရှိခဲ့သည်။
မေလ ၂၇ ရက်နေ့မှာတော့ ကောင်မလေးရဲ့ ခန္ဓာကိုယ်အစီတ်ပိုင်းများ ထည့်ထားတဲ့ အမှိုက်အိတ် ၇ လုံးကို ပန်းခြံထဲမှာ မြေမြုတ်ထားတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မေလ ၃၀ ရက်နေ့မှာ ၈ အိတ်မြောက် အိတ်တစ်လုံးကို ယခင်နေရာနဲ့ မိတာ ၂၀ အကွာမှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။ အလောင်းအိတ် ၈ လုံးထဲမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများနဲ့ ပြည့်နှက်နေပြီး အတွင်းကလီစာတွကိုတော့ မတွေ့ရှိခဲ့ပါဘူး၊ ကလီစာတွေကို အိမ်သာထဲ ရေဆွဲချခဲ့တာ ဖြစ်နိုင်ကြောင်း Apple Daily သတင်းမှာ ရေးသားထားပါတယ်။
“Gary Chu” ကိုတော့ မေလ ၂၈ ရက်နေ့က ရှီကျွန်းနယ်မြေ ဆေးရုံအနီးက သစ်ပင်မှာ ကြိုးဆွဲချလျှက် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ သူ့ရဲ့အလောင်းအနီးမှာ “ငါ့ကိုလျော့တွက်တာ နင့်အမှားပဲ” ဆိုတဲ့ နောက်ဆုံးစာ တစ်စောင်ကိုပါ ရေးပြီးချန်ထားခဲ့ပါတယ်။
မေလ ၂၆ ရက်နေ့က ဖေ့စ်ဘွခ်ပေါ်မှာ တင်ခဲတဲ့အကြောင်းအရာမှာ သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြပေမယ့် ကောင်မလေးက သူ့ဆီကိုပဲ အတင်းပြန်လာနေကြောင်း ဒါ့အပြင် သူ့ကအပျိုအစစ်ပါဆိုပြီး လှည့်စားခဲ့ကြောင်း ရေးသားထားခဲ့ပါတယ်။
သူ့အနေနဲ့ ခွင့်လွှတ်ဖို့ကြိုးစားပေမယ့် အရင်လိုပဲ သူ့ရဲနောက်ကွယ်မှာ အခြားအမျိုးသားတွေနဲ့ အွန်လိုင်းပေါ်မှာ အဆက်အသွယ်ရှိနေခဲ့တယ်လို့ ရေးသားထားခဲ့ပါတယ်။