1. Home
  2. Special or Others

၎ နှစ်အရွယ် အလုပ်ရှင်ရဲ့သမီးကို အဓ္ဓမပြုကျင့်ပြီး နှုတ်ပိတ်သတ်

Special or Others มิ.ย. 06, 2561 view 1,556

သကြားလုံးအရောင်းဆိုင် အလုပ်သမားတစ်ဦးဟာ သူဌေးဖြစ်သူရဲ့ ၄ နှစ်အရွယ် သမီးငယ်ကို အဓ္ဓမပြုကျင့်ကာ နှုတ်ပိတ်သတ်ဖြတ်ခဲ့ပြီးနောက် ဘာမှမဖြစ်သလို ခပ်တည်တည်နဲ့ အလုပ်ခွင်မှာ အလုပ်ပြန်ဆင်းနေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ Asaoti မြို့မှာ ဖြစ်ပွားခဲ့ပြီး အသက် ၂၄ နှစ်အရွယ် Virender ဆိုသူက ကလေးမလေးကို သူ့ရဲ့နေအိမ်မှာ အဓ္ဓမပြုကျင့်ကာ သတ်ဖြတ်ခဲ့ပြီးနောက် ခြေရာလက်ရာဖျောက်ဖျက်ရန် အလောင်းကို သူ့မိခင်ရဲ့ ပုံးတစ်လုံးထဲမှာ ထည့်ဖွက်ထားခဲ့ပါတယ်။ အဲဒီနောက် ဟန်မပျက်ပဲ အလုပ်ဆက်ဝင်နေခဲ့ပါတယ်။

ရဲတွေက စီစီတီဗီကို ပြန်စစ်ဆေးတဲ့အခါမှာ Virender က ကလေးမလေးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ နေ့လည်ပိုင်း ခေါ်သွားတာကိုတွေ့ခဲ့ရပါတယ်။ Virender ဟာ သူဌေးဆီမှာ အလုပ်လုပ်နေခဲ့တာ ၉ နှစ်ခန့်ရှိပြီဖြစ်လို့ မိသားစုတွေနဲ့ ရင်းနှီးနေသူလည်းဖြစ်ပါတယ်။


အဲဒီနေ့ညနေပိုင်းမှာပဲ သူဌေးဖြစ်သူက သူ့သမီးပျောက်နေကြောင်း ပြောဆိုခဲ့သဖြင့် အခြားဝန်ထမ်းများနဲ့အတူ သူကပါ ကူရှာပေးသလို ဟန်ဆောင်နေခဲ့ပါတယ်။ ဒါပေမယ့် အိမ်နီးချင်းတစ်ဦးက ကလေးမလေးကို လက်ဆွဲပြီး Virender ခေါ်သွားတာမြင်ကြောင်း ပြောခဲ့တဲ့အခါမှာတော့ အားလုံးက သူ့ကို သံသယဝင်ခဲ့ပါတယ်။

အဲဒီနောက် Virender ရဲ့ အိမ်ကို ဝင်ရှာခဲ့ရာမှာ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ဆေးစစ်ချက်အရ ကလေးမလေးမှာ အသက်မခံရခင် အဓ္ဓမပြုကျင့်ခံခဲ့ရကြောင်း အတည်ပြုချက်ပေးခဲ့သည်။

Virender ကို ကလေးသူငယ်ကာကွယ်ရေးနှင့် လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှုဥပဒေမျာနဲ့ အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။
အသတ်ခံခဲ့ရတဲ့ ကလေးမလေးရဲ့ဖခင် Virender ရဲ့ သူဌေးကတော့ လူသတ်မုဒိန်းကောင်းအား ကြိုးမိန့်ပေးရန် တောင်းဆိုထားပါတယ်။
 



Follow us on