1. Home
  2. Special or Others

ကြက်သားဟင်းချက်မကျွေးလို့ မိခင်အိုကိုဓားနဲ့ထိုးသတ်

Special or Others มิ.ย. 06, 2561 view 1,787

အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးဟာ အပြင်ကနေအိမ်ပြန်လာပြီး ထမင်းစာဖို့ပြင်တဲ့အခါ နေ့လည်စာအတွက် ကြက်သားဟင်း ချက်မထားရကောင်းလားဆိုပြီး ဒေါသဖြစ်ကာ သူ့ရဲ့အသက်ကြီးလှပြီဖြစ်တဲ့ မိခင်အိုကြီးကို ဓားနဲ့ထိုးရာမှ မိခင်အိုကြီးသေဆုံးသွားခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် Bejjam Kishore ဟာ တနင်္ဂနွေနေ့က ကြက်တစ်ကောင်ဝယ်ကာ အိမ်ပြန်လာပြီး မိခင်ဖြစ်သူ အသက် ၈၀ အရွယ်အဖွားအို Bejjam Mariamma ကို ပေးခဲ့ပါတယ်။
Bejjam Kishore ဟာ ယခင်က ကျေးလက်ဆေးဆရာအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် အရက်စွဲသွားခဲံသူဖြစ်သည်။
အဲဒီနေ့ကလည်း မိခင်ကို ကြက်ဝယ်ပေးခဲ့ပြီးနောက် အရက်သောက်ဖို့ အပြင်ကို ခဏပြန်ထွက်သွားခဲ့ပါတယ်။

အဲဒီနောက် အရက်ဆိုင်ကနေ အိမ်ပြန်ရောက်လာပြီး ထမင်းစားမယ်အလုပ်မှာ ကြက်သားဟင်းချက်ထားတာ မတွေ့တဲ့အတွက် ဒေါသအကြီးအကျယ်ထွက်သွားပြီး မိခင်ကို အောင်ငေါက်ဆဲဆိုကာ ဓားနဲ့ထိုးခဲ့ပါတယ်။
မိခင်ဖြစ်သူက နေရာတွင် သေဆုံးခဲ့ပြီး သူကတော့ ထွက်ပြေးသွားခဲပါတယ်။

အိမ်နီးချင်းတွေက အဖွားကြီးရဲ့ စူးစူးဝါးဝါးအော်သံကြောင့် ရောက်လာတဲ့အခါ သေဆုံးနေတဲ့ အဖွားကြီးကြီးကို တွေ့ရတဲ့အတွက် ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ ရဲတွေက Bejjam Kishore ကို ရှာဖွေလျှက်ရှိပါတယ်။

Bejjam Kishore ရဲ့ဇနီးဖြစ်သူကလည်း သူအရက်စွဲနေတာကြောင့် ကလေးတွေကိုခေါ်သွားပြီး သူနဲ့မပေါင်းတော့တာလို့ ပြောဆိုခဲ့ပါတယ်။
 



Follow us on