1. Home
  2. Special or Others

ကိုယ့်ကိုယ်ကိုယ်သတ်သေတာတောင် အဖော်ခေါ်သွားခဲ့သူ

Special or Others มิ.ย. 06, 2561 view 1,432

တော်တော်လေးကို ကံနိမ့်နေတယ်လို့ ပြောရမယ့် လူတစ်ဦးဟာ မိမိကိုယ်ကိုယ်အဆုံးစီရင်သူတစ်ဦးကြောင့် ကြားကနေအချောင် သေဆုံးခဲ့ရပါတယ်။

မေလ ၃၀ ရက်နေ့က တရုပ်နိုင်ငံ အထပ်မြင့်နေအိမ် ၉ လွှာပေါ်ကနေ ခုန်ချပြီး မိမိကိုယ်ကိုယ် သတ်သေခဲ့တဲ့သူတစ်ဦးဟာ လမ်းမပေါ်မှာ လမ်းလျှောက်သွားနေသူတစ်ဦးပေါ် တည့်တည့်ပြုတ်ကျခဲ့ပြီး နှစ်ဦးစလုံး နေရာတင်သေဆုံးခဲ့ပါတယ်။

ခုန်ချခဲ့သူမှာ စိတ်ဝေဒနာခံစားနေရသူတစ်ဦးဖြစ်ပြီး ပြတင်းပေါ်ကမှ ခုန်ချမည် လုပ်စဉ် ဖခင်ဖြစ်သူက ကမန်းကန်းလှမ်းစွဲခဲ့ပေမယ့် မမီလိုက်ပဲ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်မှာ အပြစ်မရှိတဲ့ အခြားသူတစ်ဦးပါ သေဆုံးခဲ့ရပါတယ်။
 



Follow us on