1. Home
  2. Movie Stars - Celebrity

ဖက်ရှင်ဒီဇိုင်နာ ကိတ်စပိဒ် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ရတဲ့ အကြောင်းရင်း

Movie Stars - Celebrity มิ.ย. 07, 2561 view 1,533

နာမည်ကျော် အမျိုးသမီးလက်ကိုင်အိတ် ဖန်တီးရှင်ဒီဇိုင်နာ ကိတ်စပိဒ်(Kate Spade) တစ်ယောက် ဇွန်လ ၅ ရက်နေ့က သူမရဲ့နေအိမ်မှာပဲ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့သတင်းက မီဒီယာများရဲ့ စာမျက်နှာထက်မှာ နေရာယူခဲ့ပါတယ်၊ ဒါပေမယ့် သူမဘာကြောင့် အဆုံးစီရင်သွားတယ်ဆိုတာကိုတော့ ဖော်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။

Kate ဟာ သေဆုံးခဲ့ချိန်မှာ အသက် ၅၅ နှစ်အရွယ်ရှိပြီး ဖက်ရှင်လောကမှာ အလွန်အောင်မြင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၁၃ နှစ်အရွယ် သမီးလေး Frances Beatrix နဲ့ ခင်ပွန်း Andy တို့ကျန်နေခဲ့ပါတယ်။

လည်စည်းကြိုး ကြိုးဆွဲချသေနေတဲ့ သူမရဲ့အလောင်းကို အိမ်အကူတွေက Park Avenue နေအိမ်က သူမရဲ့အိပ်ခန်းထဲမှာ အင်္ဂါနေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သူမရဲ့အလောင်းနဘေးမှာတော့ သမီးဖြစ်သူအတွက် မသေခင်မှာကြားခဲ့တဲ့ စာတစ်စောင်ကို တွေ့ရှိခဲ့ပါတယ်။ စာထဲမှာ -
သမီးကို အမေအမြဲတမ်းချစ်နေမှာပါ၊ အခုလိုဖြစ်ရတာ သမီးလေးအမှာကြောင့် မဟုတ်ပါဘူးကွယ်၊ မင်အဖေကိုပဲ မေးကြည့်ပါတော့” လို့ရေးသားခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ Andy က သူမနဲ့ လမ်းခွဲချင်နေတာကို သိတဲ့အတွက် ကြိုးဆွဲချမသေခင်ထိ စိတ်ဓါတ်တွေအကြီးအကျယ်ကျနေခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက် ၂၄ နှစ်ရှိပြီဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ သူတို့နှစ်ဦး တစ်ကွဲတစ်ပြားစီနေထိုင်ခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမယ့် Kate ကြိုးဆွဲချ သေခဲ့တဲ့နေ့ကတော့ Andy ဟာ အဲဒီအိမ်မှာ ရှိနေခဲ့ပါတယ်။ အဲဒီနေ့က Andy ဟာ သူ့တို့ရဲ့ တစ်ဦးတည်းသော သမီးလေးကို ကျောင်းမှာ လာတွေ့တဲ့ခဲ့တာဖြစ်ပါတယ်။

Kate ရဲ့ ညီမဖြစ်သူက သူ့အစ်မဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေနဲ့ သူမရဲ့ဘဝကို ဖြတ်သန်းခဲ့ရပြီး ၂၀၁၄ ခုနှစ် သြဂုတ်လမှာ ကမ္ဘာကျော်ဟာသရုပ်ရှင် ပညာရှင် Robin Williams ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့အခါမှာတော့ ဒီနည်းလမ်းက စိတ်ခံစားမှုတွေကနေ လွတ်မြောက်စေနိုင်တယ်လို့ စိတ်စွဲခဲ့ပါတယ်လို့ ဆိုပါတယ်။

Kate ဟာ အခုလို အဆုံးစီရင်သွားလိမ့်မယ်လို့ မိသားစုတွေက လုံးဝထင်မထားပါဘူး၊ စိတ်ပိုင်းဆိုင်ရာ မူမမှန်တဲ့အခြေအနေတွေကို နှစ်အတော်ကြာကြာရင်ဆိုင်ခဲ့ရပေမယ့် သူမရဲ့ထုတ်ကုန် ဒီဇိုင်းတွေနာမည်ပျက်မှာ စိုးရိမ်တဲ့အတွက် ဘယ်သူမှမသိအောင် ကြိတ်ပြီးခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

Kate အဆုံးစီရင်ခဲ့တဲ့ အခန်း ၉ ခန်းပါတဲ့ အိမ်ကြီးကို ၁၉၉၉ ခုနှစ်က ဒေါ်လာ ၂.၆၇၅ သန်းနဲ့ သူတို့လင်မယားနှစ်ယောက် တ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Napa Valley မှာလဲ စပျစ်ခြံကြီးတစ်ခြံ ပိုင်ဆိုင်ထားပါသေးတယ်။

၁၉၉၃ ခုနှစ်မှာ သူတို့စုံတွဲက လက်ကိုင်အိတ်တွေပဲ သီးသန့်ထုတ်လုပ်ရောင်းချခဲ့ပြီး သုံးနှစ်လောက်အကြာမှာ ပထမဦးဆုံး ကိုယ်ပိုင်ဆိုင်လေးကို ဖွင့်လာနိုင်ခဲ့ပါတယ်၊ အဲဒီနောက် တဖြည်းဖြည်းနဲ့ လုပ်ငန်းကြီးထွားလာပြီး နာမည်ကျော် တံဆိပ်တစ်ခုအဖြစ် ဖက်ရှင်လောကမှာ ရပ်တည်လာနိုင်ခဲ့ပါတယ်။

လတ်တလောမှာ “Frances Valetine”  အမှတ်တံဆိပ်နဲ့ တန်ဖိုးကြီး ဖက်ရှင်လောကကို ပြန်ဝင်ဖို့ ကြိုးစားနေခဲ့တာလည်းဖြစ်ပါတယ်။
Kate ဟာ ပြီးခဲတဲ့ ဆယ်စုနှစ်အတွင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲကြတဲ့ ဒီဇိုင်နာတွေထဲမှာ တတိယမြောက်တစ်ဦး ဖြစ်ခဲ့ပါတယ်။ L’Wren Scott က ၂၀၁၄ ခုနှစ်၊ Alexander McQueen က ၂၀၁၀ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြပါတယ်။

 



Follow us on