1. Home
  2. Movie Stars - Celebrity

သာသနာ့ဘောင်ထဲ ၀င်ရောက်သွားကြပြီဖြစ်တဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံ

Movie Stars - Celebrity มิ.ย. 07, 2561 view 1,513

ယနေ့ ဇွန်လ ၇ရက်နေ့မှာတော့ နိုင်ငံကျော် ရက်ပါအဆိုတော်မလေးတစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းသည် သီဟလွင်တို့ ဇနီးမောင်နှံနှစ်ယောက် သာ့သနာဘောင်ထဲဝင်ကာ ဘုရားသားတော်၊ သမီးတော်အဖြစ် ခံယူလိုက်ကြပြီဖြစ်ပါတယ်။ သူမတို့ဇနီးမောင်နှံက မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ ရဟန်းနဲ့ သီလရှင်အဖြစ် ၅ရက်ကြာခံယူမယ်လို့လည်း သိရပါတယ်။

သီလရှင်တစ်ခါမှ မ၀တ်ဘူးသေးတဲ့ ဒီးဒီက ကုသိုလ်ရချင်တဲ့အတွက်ကြောင့်လည်း ခင်ပွန်းနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် သီလရှင်ဝတ်လိုက်တာဖြစ်ပါတယ်။ ဒီးဒီတို့ဇနီးမောင်နှံနှစ်ယောက်လုံးက ကုသိုလ်လုပ်ရတာလဲ ၀ါသနာပါ၊ အလှူအတန်းတွေ လုပ်ရတာလဲ ၀ါသနာပါတဲ့အတွက် ယခုလို ကုသိုလ်ရမယ့် အလုပ်လေးလုပ်ဖြစ်တာပါတဲ့။ ခဏလေးဝတ်မှာဖြစ်ပေမယ့် စိတ်အေးချမ်းတဲ့အလုပ်ဖြစ်တာကြောင့် ပျော်တယ်လို့ဆိုပါတယ်။

အလုပ်တွေမအားလို့ မလာနိုင်တာကြောင့် စိတ်မကောင်းဖြစ်နေရှာတဲ့ ညီမဖြစ်သူစိုးပြည့်သဇင်ကလည်း မမဒီးဒီအတွက် သာဓုခေါ်ကာ  သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ယခုလိုစာသားလေး ရေးတင်ခဲ့ပါတယ်။

“သီလရှင်ဝတ်ပြီးဘုရားသမီးတော်အဖြစ်၅ရက်ခံယူတာသာဓုပါဆရာလေး.....ဒီနေ့မအားလို့မလာနိုင်တာခွင့်လွှတ်ပါနော်.....တပည့်တော်တရက်လာခဲ့မယ်နော်…. တရားထူးတရားမြတ်တွေရပါစေ” ဆိုပြီး ဆုတောင်းစကားလေး ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီးဒီတို့ရဲ့ ကုသိုလ်အလှူလေးကို ပရိတ်သတ်ကြီးလဲ သာဓုခေါ်နိုင်ပါစေနော်....

 

 

 



Follow us on