1. Home
  2. Myanmar News

အမေရိကန်ဒေါ်လာအတုပြုလုပ်သည့် ပစ္စည်းများ ရဲစခန်းတွင်းလာရောက်အပ်နှံ

Myanmar News มิ.ย. 11, 2561 view 1,672

အမေရိကန်ဒေါ်လာ ၁၀၀ တန်များ အတုပြုလုပ်သည့် ပစ္စည်းများနှင့် အသုံးပြုသည့် စာရွက်ထုတ်များကို ရန်ကုန်တိုင်းဒေသကြီး ဒလမြို့မရဲစခန်းခဲ့သို့ လာရောက်အပ်နှံခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၊ ဈေးသစ်ရပ်ကွက်နေ ဦးဇော်မိုးလွင်(၄၅)နှစ်က ဒလမြို့မရဲစခန်းသို့ ရောက်ရှိလာပြီး အမေရိကန် ဒေါ်လာအတုပြုလုပ်ရာတွင် အသုံးပြုသည့်စာရွက်ထုပ်များ ထည့်ထားသည့် လက်ဆွဲအိတ် သေတ္တာ အား လာရောက်အပ်နှံသည်။

စစ်ဆေးကြည့်ခဲ့ရာ လက်ဆွဲအိတ်အတွင်း၌ ဂွမ်းများခင်းထားကာ အဖြူ ရောင်အမှုန့်များ ဖြူးထားပြီး အမေရိကန်နိုင်ငံ အလံရုပ်ပုံနှင့် United States Minting and Printing Authority $ 10000.00 စာတမ်းပါ စက္ကူဖြင့်ပတ်လျက် အလျား(၆.၄)လက်မ၊ အနံ(၂.၆)လက်မခန့်ရှိ ပိုင်းဖြတ်ထားသော အနက်ရောင်စက္ကူ(၁၀၀)ရွက်ပါ(၅၈)အုပ်နှင့် (၇၈)ရွက်ပါ (၁)အုပ်တို့အား တွေ့ရှိခဲ့သည်။

အကြောင်းစုံအား ဦးဇော်မိုးလွင်အား မေးမြန်းရာ ၎င်းသည် လုပ်ငန်းကိစ္စဖြင့် နိုင်ငံခြားသား အမျိုးသား(၂)ဦးနှင့် သိရှိခဲ့ပြီး နိုင်ငံခြားသား နှစ်ဦးမှ မေလ(၂၇)ရက်တွင် အဆိုပါသေတ္တာအား နေအိမ် သို့ ယူဆောင်လာပြီးနောက် သေတ္တာအတွင်းရှိ စက္ကူ(၅)ရွက်အား ဆေးရည်ဖြင့် စိမ်ပြီး ဆပ်ပြာဖြင့် ဆေးပြစဉ် အမေရိကန် ဒေါ်လာ(၁၀၀)တန်များ ဖြစ်သွားခဲ့သည်။


ထို့နောက် ဒေါ်လာအတုပြုလုပ်သည့် ဆေးရည်ကုန်သွားသဖြင့် စက္ကူများအား ၎င်းထံအပ်နှံထားခဲ့ပြီး မေလ ၃၁ ရက်တွင် လိုအပ်သော ဆေးရည်ကို နိုင်ငံခြားမှသယ်ဆောင်မည်ဖြစ်ကြောင်း ဆေးရည်သယ်ဆောင်ရာတွင် အခွန်ဆောင်ရန်ဟု ပြောဆိုကာ ၎င်းထံမှ ငွေကျပ်(၄၀)သိန်း ယူဆောင်သွားခဲ့ရာ ပြန်ပေါ်မလာတော့ချေ။
ထို​ကြောင့် လိမ်လည်ခံလိုက်ရကြောင်း သိရှိသွားပြီး အဆိုပါ လက်ဆွဲအိတ်သေတ္တာအား ရဲစခန်းသို့ လာရောက်အပ်နှံခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ် - ရဲဇာနည်
 



Follow us on