1. Home
  2. Movie Stars - Celebrity

အဆိုတော်ရှာကီရာ၏ ဘာစီလိုနာရှိ နေအိမ်ဖောက်ထွင်းခံရ

Movie Stars - Celebrity มิ.ย. 11, 2561 view 1,768

ကမ္ဘာကျော် ကိုလံဘီယာအဆိုတော် “ရှာကီရာ”နဲ့ ချစ်သူ စပိန်ဘောလုံးအကျော်မော် “Gerard Pique” တို့၏ ဘာစီလိုနာရှိနေအိမ် ဇွန်လ ၅ ရက်နေ့ညက ဖောက်ထွင်းခံခဲ့ရပြီး အဖိုးတန်ပစ္စည်းများ ပါသွားခဲ့သည်။

ဖောက်ထွင်းခံရချိန်တွင် Gerard Pique ၏ မိဘများ နေအိမ်အပေါ်ထပ်၌ အိပ်ပျော်နေခဲ့ကြပြီး ရှာကီရာ က ဂျာမဏီတွင် ဖျော်ဖြေပွဲတစ်ခုသွားရောက် ဖျော်ဖြေနေချိန်ဖြစ်သည်။ Gerard Pique မှာလည်း ရုရှားတွင်ပြုလုပ်မည့် ဘောလုံးစွမ်းရည်ပြိုင်ပွဲအတွက် ပြင်ဆင်ရန် ခရီးထွက်နေချိန်ဖြစ်သည်။

အိမ်ထဲသို့ဖောက်ထွင်းဝင်ခဲ့သူ နှစ်ဦးမှာ တစ်စုံတစ်ရာ အန္တရာယ်ပေးသွားခြင်းမရှိပဲ Gerard Pique ရဲ့ အဖိုးတန်နာရီများနဲ့ လက်ဝတ်ရတနာအချို့ ခိုးယူခံခဲ့ရကြောင်း ရဲများကပြောကြားသည်။ သူခိုးများက ပြင်းတင်းပေါက် (သို့) လေသာဆောင်ကနေ တိတ်တဆိတ်ဝင်ရောက်ခဲ့ပြီး ယခုလို အပြုအမူမျိုးဟာ စနစ်တက်လေ့ကျင့်ထားတဲ့ တစ်ကယ့်သူခိုးကြီးများသာ လုပ်ဆောင်နိုင်ကြောင်း ရဲက ဆိုသည်။ ရဲများက သဲလွန်စရှာဖွေကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး လက်ရှိမှာတော့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးရမိခြင်းမရှိသေးပါ။
 



Follow us on