1. Home
  2. Movie Stars - Celebrity

သမီးရည်းစားဖြစ်တဲ့နေ့လေးကို လွမ်းဆွတ်သတိရနေတဲ့ ဇဏ်ခီ

Movie Stars - Celebrity มิ.ย. 12, 2561 view 1,880

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို ရရှိခဲ့တယ့် မင်းသားချောဇဏ်ခီကတော့ ဇနီးဖြစ်သူ ခရစ်(စ)တီးနားခီနဲ့ ချစ်သူစဖြစ်ခဲ့တယ့် နေ့လေးကို သတိရလို့နေပါတယ်။ လွန်ခဲ့တဲ့ ၁၈နှစ်ရဲ့ ဇွန်လ ၁၂ရက်နေ့မှာ သမီးရည်းစားစဖြစ်ခဲ့ကြတာဖြစ်ပေမယ့် ၁၈လလောက်ပဲရှိသေးသလို ခံစားရတယ်လို့ဆိုပါတယ်။

၁၈နှစ်ဆိုတဲ့ အချိန်ကာလကိုဖြတ်သန်းခဲ့ပေမယ့် ယနေ့အချိန်ထိ ဇနီးဖြစ်သူကို မပြောင်းလဲတဲ့အချစ်တွေနဲ့ ချစ်နေသေးတယ်ဆိုတာကို သူရဲ့လူမှုကွန်ယက်မှာ ယခုလို စာသားလေးရေးတင်ခဲ့ပါတယ်။

“လွန်ခဲ့သော ၁၈ နှစ် ဒီနေ့ June 12th မှာ သမီးရည်းစားစဖြစ်ခဲ့ပေမယ့် ၁၈ လ လောက်ပဲရှိသေးသလိုခံစားရပါတယ် my baby ပိစိ…

I love you and will always do. 
Thanks for choosing me to be your partner”   ဆိုပြီး သူ့ကိုလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တယ့်အတွက် ဇနီးဖြစ်သူကို ကျေးဇူးတင်စကားဆိုကာ ရေးသားခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ်တီးနားခီတို့ စုံတွဲက ရှေ့သွားနောက်လိုက်ညီတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး… သားလေးတစ်ယောက်နဲ့အတူ အေးချမ်းတဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ယောက်က လူသိများကျော်ကြားတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်သလို ပရိသတ်တွေရဲ့ လေးစားအားကျခြင်းကို ခံရတဲ့သူတွေလည်းဖြစ်ပါတယ်။

အားလုံးက ချစ်စနိုးနဲ့ ခီမောင်နှံလို့ နာမည်ပေးထားကြတဲ့သူတို့နှစ်ယောက်က ဥပါယ်တံမျဉ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့စတင်ပြီး ပရိသတ်တွေအခိုင်အမာရရှိကာ လူသိများကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ့နောက် သူတို့နှစ်ယောက်ဖန်တီးရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ မုဒြာခေါ်သံ (Mudra Calling) ဆိုတဲ့ ရုပ်ရှင်ကားကလည်း အောင်မြင်မှုတွေတစ်ခဲနက်ရရှိထားပါတယ်။

မြန်မာနိုင်ငံမှာသာမက နိုင်ငံတစ်ကာထိပါ အောင်မြင်ကျော်ကြားမှုတွေရရှိနေတယ့် ခီမောင်နှံရဲ့ရုပ်ရှင်ဇာတ်ကားတွေကတော့ ပရိသတ်တွေအတွက်ကြည့်ရကျိုးနပ်စေတဲ့ ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်….

 

 



Follow us on