1. Home
  2. Movie Stars - Celebrity

ကျောက်ကပ်ရောဂါခံစားနေရတဲ့ ဦးမန်းဝင်းကို ဆေးဖိုးသွားရောက်လှူဒါန်းခဲ့တယ့် သင်ဇာဝင့်ကျော်

Movie Stars - Celebrity มิ.ย. 13, 2561 view 1,588

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ယနေ့ ဇွန်လ ၁၃ရက်နေ့မှာ ကုသိုလ်ပြုအလှူလေးတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့တာကတော့ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရတဲ့ လူရွှင်တော် သရုပ်ဆောင်ဦးမန်းဝင်းကို ဆေးဖိုးသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အိမ်တိုင်ရာရောက် လာရောက်လှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်ကို ဦးမန်းဝင်းမှ ကျေးဇူးတင်ဆုတောင်းစကားလေး ပြောကြားထားပါတယ်။

“ဒီ​နေ့ ကိုယ်​တိုင်​ကိုယ်​ကျ ဦးမန်းအတွက်​ လိုအပ်​​သော​ဆေးဖိုး​ငွေလာ​ရောက်​လာ​ရောက်​လှူ ဒါန်း​ပေး​သော ရုပ်​ရှင်​နှင့်​ ဗွီဒီယိုသရုပ်​​ဆောင်​ သမီး​လေး သင်​ဇာဝင့်​​ကျော်​အား အထူးပဲ ​ကျေးဇူးတင်​ရှိပါတယ်​။သမီး​လေးလဲ အနုပညာလုပ်​ငန်းမှာ အခုထက်​ပို ​အောင်​မြင်​​ကျော်​ကြားပါ​စေ။အလုပ်​အကိုင်​​တွေလဲ အဆင်​​ပြေတိုးတက်​ပြီး သွားလမ်းသာလို့ လာလမ်း​ဖြောင့်​ပါ​စေကွယ်​။ ဤ​ကောင်းမှု့​ကြောင့်​ နတ်​ လူ သာဓု ​ခေါ်​စေ​သော်​” ဆိုပြီး သင်ဇာ့ရဲ့အလှူကို လူအများသာဓုခေါ်နိုင်အောင် ဖေ့စ်ဘွစ်ပေ့ခ်ျကနေ မျှဝေထားပါတယ်။

ဒါ့အပြင် ဦးမန်းဝင်းရဲ့သမီးဖြစ်သူ ဟေမာမာန်ဝင်းကလည်း ယခုလိုထပ်ဆင့်ကျေးဇူးတင်စကားလေးကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အိမ်ထိ ကိုယ်တိုင်လာပြီး ဖေကြီးကိုဆေးဖိုးလှူဒါန်းသွားတဲ့ ညီမလေး သင်ဇာဝင့်ကျော်ကို ကျေးဇူးတင်ပါတယ်။ဒီ့ထက်မကလှူဒါန်းနိုင်ပြီးအောင်မြင်မှုတွေအများကြီးရပြီးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။ညီမလေးအိမ်ကိုလာပြီးညီမလေးပေးမယ့်အဝတ်အစားလေးတွေလာသယ်အူးမျယ်နော် ညီမလေး။အဟီး...” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

တစ်ချိန်က နာမည်ကျော်ကြားခဲ့တဲ့ ၀ါရင့်လူရွှင်တော်သရုပ်ဆောင်ဖြစ်တဲ့ ဦးမန်းဝင်းက ယခုအချိန်မှာတော့ အသက်အရွယ်ရလာပြီး ကျောက်ကပ်ရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်တစ်ဦးဖြစ်ပါတယ်။ ဦးမန်းဝင်းက ကျောက်ကပ်ဆေးခဲ့တာ အကြိမ် ၂၀၀ကျော်ရှိပြီဖြစ်ပြီး အဆုတ်ပါအားနည်းနေတဲ့အတွက် အောက်စီဂျင်ကိုလည်း အမြဲမပြတ်တပ်ထားရပါတယ်တဲ့.....

ပိုပိုလေးပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့အလှူကို သာဓုခေါ်ရင်း ဦးမန်းဝင်းအတွက်လဲ အရင်လိုနေပြန်ကောင်းလာအောင်လို့ ဆုတောင်းပေးလိုက်ကြပါဦးနော်.....

 

 



Follow us on