1. Home
  2. Myanmar News

ကမ္ဘာ့ဖလားပွဲစဉ် (၁၆)ပွဲကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

Myanmar News มิ.ย. 14, 2561 view 1,553

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ဇွန်လ ၁၄ ရက် (ယနေ့)တွင် စတင်ကျင်းပတော့မည့်ဖြစ်ပြီး ကမ္ဘာ့ဖလားယှဉ်ပြိုင်မှုများထဲမှ ပွဲစဉ် (၁၆)ပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV မှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

ထုတ်လွှင့်ပြသမည့် ပွဲစဉ်များမှာ ကမ္ဘာ့ဖလား ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် Round of 16 ပွဲစဉ်အချို့၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နိယ်ပွဲစဉ်များ အပါအဝင် စုစုပေါင်း (၁၆)ပွဲထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနားကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ လူစနီကီ အားကစားကွင်းမှာ ကျင်ပသွားမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားကို (ယနေ့) ဇွန်လ ၁၄ ရက်နေ့ည ၈ နာရီခွဲအချိန်မှ စတင်ပြီး MRTV ရုပ်သံလိုင်းမှ စောင့်မျှော်ကြည့်ရှုနိုင်ကြမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ထားသည်။
 



Follow us on