နိုင်ငံကျော်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်သလို ဂီတပိုင်းမှာလည်း အသံချိုချိုလေးနဲ့ သီချင်းဆိုကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အပြစ်ပြောစရာမရှိတဲ့ မျက်နှာလေးနဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားသူမို့ ပရိသတ်တွေကအချစ်ပိုရတဲ့သူဖြစ်ပါတယ်။ ခေတ်ဆန်တဲ့ အ၀တ်အစားလေးတွေနဲ့လည်းလှသလို မြန်မာဝတ်စုံလေးနဲ့ဆို သိမ်မွေ့လွန်းပြီး အသည်းလေးတွေကြွေရလောက်အောင် ချစ်စရာကောင်းသူလေးပါ။
ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကို ခံထားရသူလေးစိုးပြည့်က ယနေ့ ဇွန်လ ၁၄ရက်နေ့မှာတော့ We Love အဖွဲ့သားတွေနဲ့အတူ ဆီးချိုရောဂါကြောင့် မကျန်းမာဖြစ်နေတဲ့ ကစ်ကစ်ဆီကို အလှူငွေများသွားရောက် လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ကြိုတင်အကြောင်းကြားထားခြင်းမရှိပဲ သွားရောက်ခဲ့တဲ့အတွက် သူမအသံကြားတော့ မကစ်ကစ်တစ်ယောက်အံ့သြသွားခဲ့ရပါတယ်တဲ့။ ဆီးချိုရောဂါကြောင့် အမြင်တွေမှုန်ဝါးနေပြီဖြစ်တဲ့ ကစ်ကစ်ရဲ့ဝေဒနာများကို ကြားရချိန်မှာတော့ သူမစိတ်မကောင်းဖြစ်ခဲ့ရကြောင်း ယခုလိုရေးသားထားပါတယ်…
“ဒီနေ့...မကစ်ဆီကိုသွားတွေ့ပြီးလှူခဲ့ပါတယ်ရှင်....ဖုန်းလည်းကြိုမဆက်ထားတော့...ကိုယ့်အသံကြားတော့အံသြဝမ်းသာသွားရှာတယ်....တော်တော်လေးတော့ပြန်ကောင်းလာပါပြီ....သူခံစားရတဲ့ဝေဒနာတွေလည်းပြောပြတယ်.....စိုးပြည့်အသံကိုကြားဖူးတယ်လိှု့ထင်နေတာတဲ့....လူကတော့ဝါးဝါးဘဲမြင်ရတယ်တဲ့.....စိုးပြည့်နဲ့အတူတူပါဝင်လှူဒါန်းခဲ့တဲ့ we love အဖွဲ့ကိုလည်းသာဓုခေါ်ဆိုပါတယ်ရှင်” ဆိုတဲ့ စာသားလေးရေးကာ သူမတို့ရဲ့အလှူကို သာဓုခေါ်နိုင်အောင် မျှဝေထားတာပဲဖြစ်ပါတယ်...
စိတ်ထားလေးဖြူစင်တဲ့ မင်းသမီးလေးရဲ့အလှူကို သာဓုခေါ်ကြရင်း မကစ်ကစ်တစ်ယောက်အမြန်ဆုံးပြန်လည်ကျန်းမားလာစေဖို့လဲ ဆုတောင်းပေးခဲ့ကြပါဦးနော်…...