1. Home
  2. Special or Others

သားဖြစ်သူက BMW ကားသစ်ကြီးနဲ့ ဖခင်ရဲ့နာရေးကို သင်္ဂြိုလ်

Special or Others มิ.ย. 14, 2561 view 1,454

နိုက်ဂျီးရီးယားနိုင်ငံက အမျိုးသားတစ်ဦးဟာ ကွယ်လွန်သွားတဲ့ ဖခင်ကြီးရဲ့ ရုပ်အလောင်းကို ခေါင်းတလားနဲ့ မြုတ်နှံသင်္ဂြိုလ်ရမည့်အစား BMW ကားအသစ်စက်စက်ကြီးကို Show Room ကနေ ဝယ်ယူပြီး သင်္ဂြိုလ်ခဲ့ပါတယ်။

ဖခင်ကြီးအသက်ရှင်စဉ်က တစ်နေ့ကျရင် အဖေ့အတွက် အကောင်းစား ကားသစ်ကြီးကို ဝယ်ပေးမယ်လို့ ကတိပြုခဲ့တဲ့အတွက် အခုလို ဒေါ်လာ ၈၈,၄၆၃ (ကျပ် သိန်း ၁၂၀၀ ကျော်)တန်ဖိုးရှိတဲ့ BMW ကားနဲ့ သင်္ဂြိုလ်ပေးခဲ့တာလို့ ချမ်းသာကြွယ်ဝတဲ့ သားဖြစ်သူ Azubuike က ဆိုပါတယ်။

နိုက်ဂျီရီးယားနိုင်ငံရဲ့ တောရွာလေးဖြစ်တဲ့ Ihiala မှာ BMW ကားနဲ့ မြေမြုတ်သင်္ဂြိုလ်နေတဲ့ဓါတ်ပုံ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်သူတွေများပြားခဲ့ပါတယ်။ အချို့က ဒီလောက်တန်ဖိုးရှိတဲ့ကားကို မြေမြုတ်ပြီး ပိုက်ဆံအလကားဖြုန်းပစ်မယ့်အစား အခြားနေရာတွေမှာ အသုံးပြုရင် ပိုကောင်းကြောင်း၊ အချို့ကလည်း အဖေကို မသေချင်က ကားမဝယ်ပေးပဲ သေမှမြေကြီးထဲထည့်မြုတ်တာဟာ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ကြသလို မြုတ်တဲ့နေရာကိုသိရင် BMW ကားကို ပြန်ဖော်ကြမယ်လို့ ပြောဆိုနေကြပါတယ်။
 



Follow us on