မော်လမြိုင်မြို့တွင် မွေးကင်းစကလေးတစ်ဦး၏အလောင်း ရေတွင်းထဲမှ ပေါ်လာခဲ့သဖြင့် ရပ်ကွက်နေသူများ ထိတ်လန့်ခဲ့ရမှုတစ်ခု ဇွန်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည်။
မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်၊ သရက်ကုန်းရပ်ကွက် အတွင်းရှိ ရေတွင်းတစ်ခုထဲတွင် စွန်ပစ်ချထားခဲ့သည်ဟု ယူဆရသော မွေးကင်းစကလေးငယ်လေးတစ်ဦး၏ အလောင်း ရေပေါ်တွင် ပေါလောပေါလာခဲ့သည်။
ကလေး၏အလောင်းကို မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆယ်ယူပေးခဲ့ပြီး အလောင်းကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ကနဦးသတင်း သိရှိရသည်။