1. Home
  2. Special or Others

အမျိုးသမီးများ၏ စကတ်အောက်မှ ဗီဒီယိုခိုးရိုက်မှုဖြင့် ထိုင်းတွင် မြန်မာအလုပ်သမားတစ်ဦး ဖမ်းခံရ

Special or Others มิ.ย. 15, 2561 view 2,441

ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရထားပေါ်တွင် အမျိုးသမီးများ၏ စကတ်အောက်မှ ဖုန်းကင်မရာဖြင့် ဗီဒီယိုခိုးရိုက်ခဲ့မှုကြောင့် အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ဘန်ကောက်မြို့ရှိ မော်ချိဘူတာရုံမှ ရထားစီးလားသော အဖြူရောင်အင်္ကျီဝတ်အမျိုးသားတစ်ဦး အမျိုးသမီးများ၏ စကတ်အောက်မှနေ၍ ဖုန်းဖြင့် ဗီဒီယိုခိုးရိုက်နေသည်ဟူသော သတင်းကို ရထားလုံခြုံရေးများက ရဲစခန်းကို အကြောင်းကြားခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့သည်။

လူငယ်မှာ မြန်မာနိုင်ငံသားဖြစ်ပြီး ထိုင်းစကားကို ကျွမ်းကျင်စွာ နားလည်ပြောဆိုတတ်သူဖြစ်ကြောင်း စစ်ဆေးခဲ့သူ ရဲအရာရှိကပြောကြားခဲ့သည်။ ဆက်လက်ရှာဖွေစစ်ဆေးခဲ့ရာ သူ၏ဖုန်းအတွင်းမှ ဇွန်လ ၁၄ ရက်နေ့တွင် ရိုက်ကူးခဲ့သော ဗီဒီယို ၄ ခု တွေ့ရှိခဲ့သည်။ ဗီဒီယိုတစ်ခုမှာ သူ၏ ခြေညှပ်ဖိနပ်အတွင်း ဖုန်းကိုထည့်ကာ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရသည်။

အသက် ၂၆ နှစ်အရွယ် စောအယ်ထူး ဟာ ထိုင်းနိုင်ငံ မြို့လည်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည်မှာ ၂ နှစ်ခန့်ရှိပြီး ထိုင်းစကားကို ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည်။ တစ်ကိုယ်ရည် အာသာဖြေလိုသော ရ်ရွယ်ချက်ဖြင့် ယခင်ကလည်း အမျိုးသမီးများ၏ အောက်ပိုင်းဗီဒီယိုများကို ခိုးရိုက်ခဲ့ဖူးပြီး ကိစ္စပြီးသည်နှင့် ဖျက်ပစ်ခဲ့ကြောင်း ရဲစခန်းတွင် ထွက်ဆိုခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုင်းနိုင်ငံဥပဒေအရ ဆက်လက်၍ အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းပြည်တွင်း သတင်းတွင် ဖော်ပြပါရှိသည်။
 



Follow us on