1. Home
  2. Special or Others

အိမ်မွေးသိုးထိန်းခွေးက ၅ လသမီးလေးကို ကုတ်ဖဲ့သတ်

Special or Others มิ.ย. 15, 2561 view 1,643

ဂျော်ဂျီယာပြည်နယ်က မိခင်တစ်ဦးဟာ သူမရဲ့ ၅ လအရွယ် သမီးငယ်လေးကို အိမ်မှာ နှစ်ကာလကြာရှည်စွာထဲက မွေမြူးထားပြီး အိမ်သားသဖွယ်ဖြစ်နေတဲ့ ဂျာမန်သိုးထိန်းခွေးတစ်ကောင်က ကုတ်ဖဲ့သတ်ပစ်လိုက်တာကြောင့် ဆောက်တည်ရာမရဖြစ်ကာ ခြေမကိုင်မိလက်မကိုင်မိ နှလုံးကြေကွဲမတတ် အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Paige Bradley ဆိုတဲ့ ၅ လသမီးလေးကို မိခင်ဖြစ်သူ Terika George ရဲ့ အခန်းဖော်ဖြစ်သူက သူတို့ရဲ့နေအိမ်မှာပဲ အင်္ဂါနေ့ညက ထိန်းပေးနေခဲ့ပါတယ်။ အဲဒီနေ့ညက ကလေးကို အိပ်ပျော်အောင် သိပ်ထားခဲ့ပြီး သူကအခြားအခန်းမှာ ဝင်အိပ်နေခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ထွက်ဆိုထားပါတယ်။

George က အိမ်ပြန်လာတဲ့အချိန်မှာ သူမရဲ့ အခန်းဖော် အိပ်ပျော်နေတာတွေ့ရပြီးနောက် သူမရဲ့ ကလေးကိုတောင် သွားကြည့်ခဲ့ပါသေးတယ်လို့ ဆိုပါတယ်။ နံနက်စောစော ၃ နာရီလောက်မှာ သမီးလေးရဲ့ အဖြစ်ဆိုးကိုတွေ့မြင်လိုက်ရပြီး စူးစူးဝါးဝါးအော်သံနဲ့အတူ ရဲကိုဖုန်းဆက်ခေါ်ခဲ့ပါတယ်။

အိမ်မွေး သိုးထိန်းခွေးကြီးဟာ သူတို့နဲ့အတူတူစား၊ အတူတူသွားလာခဲ့တဲ့ ခွေးကြီးဖြစ်သလို Pagie လေး မွေးပြီးတော့လည်း ကလေးအနားမှာ တစ်ချိန်လုံး စောင့်ရှောက်နေခဲ့တာဖြစ်ကြောင့် ဒါ့အပြင် အကြီးမလေးကိုလည်း ဒီလိုပဲ စောင့်ရှောက်ခဲ့သဖြင့် စိတ်ချထားမိကြောင်း၊ စိတ်ဖောက်ပြန်ပြီး အခုလို လုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိကြောင်း နောင်တကြီးစွာနဲ့ပြောဆိုခဲ့ပါတယ်။

ရဲတွေက မိခင်တစ်ယောက်အနေနဲ့ ကလေးကို ဂရုမစိုက်ပဲ ပစ်ထားတာမျိုး ရှိ/မရှိ အိမ်ကို စစ်ဆေးခဲ့ရာ အားလုံးပုံမှန်အတိုင်းဖြစ်နေသည့်အတွက် အဆိုပါ ကလေးသေဆုံးမှုတွင် မည်သူကိုမျှ အရေးယူရန် မရှိကြောင်း၊ သိုးထိန်းခွေးကြီးကိုတော့ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ခေါ်ဆောင်သွားခဲ့ပါတယ်။



Follow us on