1. Home
  2. Special or Others

မိုးရေနဲ့အတူ ကောင်းကင်မှ ရေသတ္တဝါများပါ ပြုတ်ကျလာ

Special or Others มิ.ย. 17, 2561 view 1,714

မြန်မာနိုင်ငံရဲ့ ဒေသအတော်များများမှာ မိုးအဆက်မပြတ်ရွာသွန်းမှု ရာသီဥတုအခြေနေများကြောင့် ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို တရုပ်နိုင်ငံမှာလည်း လေပြင်းမုန်တိုင်းနဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။


လေပြင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းရိုးတန်းမြို့တစ်ခုဖြစ်တဲ့ ကွင်ဒိုးမြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူနေ့က မိုးတွေနဲ့အတူ ကောင်းကင်ပေါ်ကနေ ရေသတ္တဝါတွေပါ ပြုတ်ကျလာခဲ့တာကို ထူးထူးဆန်းဆန်း ကြုံတွေ့ခဲ့ရပါတယ်။

ကောင်းကင်ကနေ ရေဘဝဲတစ်ကောင် ပြုတ်ကျလာတဲ့ ဓါတ်ပုံဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပြီး အစပိုင်းမှာ ဖိုတိုရှော့နဲ့ လုပ်ထားတယ်လို့ ထင်မြင်ခဲ့ကြပေမယ့် အခြားလူတွေက သူတို့ရဲ့ ကားမှန်ပေါ်မှာ မိုးရေနဲ့အတူ ကြယ်ငါးတွေ၊ ပုစွန်တွေ ပြုတ်ကျလာတယ်ဆိုတဲ့ နောက်ဆက်တွဲပုံတွေ တက်လာမှ အစစ်အမှန်ဖြစ်ကြောင်း ယုံကြည်သွားခဲ့ကြပါတယ်။

လက်ရှိမှာတော့ မိုးသည်ထန်စွာရွာသွန်းမှုနဲ့ ရေကြီ:ရေလျှံမှုတွေကြောင်း လမ်းတွေပျက်စီပြီး လူတွေသွာရလာရတာ အခက်အခဲဖြစ်နေကြောင်း သိရှိရပါတယ်။
 



Follow us on