1. Home
  2. Myanmar News

ရွှေဆိုင်နှင့် အပေါင်ဆိုင်တို့မှ ရွှေလိမ်လည်သူ အမျိုးသမီးဖမ်းဆီးရမိ

Myanmar News มิ.ย. 18, 2561 view 1,692
ဇွန်လ ၁၇ ရက်နေ့တွင် ရွှေဆိုင်နှင့် အပေါင်ဆိုင်တို့မှ ရွှေများအားလိမ်လည်ယူဆောင်သွားသူ အမျိုးသမီးကို ပဲခူးမြို့၊ ဥဿမြို့သစ်၊ ရပ်ကွက်ကြီး( ၇ )၊ ပေါက်ပင်ရပ်ကွက်မှ ဖမ်းဆီးရမိခဲ့ ပါသည်။ ( အောက်ဆုံးတွင် ဖြစ်စဉ်ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
ဖြစ်စဉ်များနှင့် ပတ်သက်၍ ၁၂.၆.၂၀၁၈ ရက်နေ့တွင် Tin Zar Khin အကောင့်ဖြင့် လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် ပြစ်မှုကျူးလွန်သူ  အမျိုးသမီးမှ ရွှေမင်းသမီးရွှေဆိုင်သို့ရောက်ရှိလာပြီး ဆိုင်ရှင်ထံမှ ရွှေဆွဲကြိုးအား လိမ်လည်ရယူနေသည့် ဗီဒီယို မှတ်တမ်းဖိုင်အား ဖော်ပြခဲ့ပါသည်။
 
 
အဆိုပါ ဗီဒီယိုမှတ်တမ်းဖိုင်ပါ ပြစ်မှုကျူးလွန်သူ အမျိုးသမီးကို ဖမ်းဆီးရမိ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ချပြလမ်းညွှန်မှုအရ  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များ၊  အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့အားဖွဲ့စည်းပြီး တစ်စိုက် မတ်မတ် စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ မမာလာ ( ခ ) ဇောင်းတလား(၃၀) နှစ်၊(ဘ)ဦးကာစီ၊  (ဟိန္ဒူ)လူမျိုးအား ၁၇.၆.၂၀၁၈ ရက်နေ့ နေ့လည် ၁၄၃၀ နာရီအချိန်တွင်  ပဲခူးမြို့၊ ဥဿမြို့သစ်၊ ရပ်ကွက်ကြီး( ၇ )၊ ပေါက်ပင်ရပ်ကွက်မှ ဖမ်းဆီးရမိခဲ့ ပါသည်။
 
 
ပြစ်မှုကျူးလွန်သူ မမာလာ ( ခ ) ဇောင်းတလား အား အခြားလိမ်လည်မှုများ  ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိပြီး အလားတူ လိမ်လည်မှုမျိုးရှိပါက ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်နိုင်ကြောင်း သိရသည် ။
 
 
 
Source : Yangon Police


Follow us on