1. Home
  2. Special or Others

အမျိုးသမီးတစ်ဦးအား ၂၇ ပေရှည်သည့် စပါးအုံးမြွေက အရှင်လတ်လတ်မျို

Special or Others มิ.ย. 18, 2561 view 1,760

သားသမီးနှစ်ဦး၏မိခင် အသက် ၅၄ နှစ်အရွယ်အမျိုးသမီးတစ်ဦး၏ အလောင်းကို စပါးအုံးမြွေကြီး၏ ဝမ်းဗိုက်အတွင်းမှ အသက် သေဆုံးလျှက် ပုံစံမပျက်ပြန်လည်တွေ့ရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီဒေသ၌ ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စိုက်ရေးဥယျဉ်ခြံအတွင်း အလုပ်လုပ်ကိုင်နေသော သူမဟာ နောက်တစ်နေ့နံနက်အထိ ပြန်ရောက်မလာသဖြင့် သားသမီးများက လိုက်ရှာခဲ့ရာ သူမပလုပ်လုပ်ကိုင်ရာ ဥယျာဉ်ခြံအနီး ခြုံပုတ်တွင် သူမရဲ့ ခြေညှပ်ဖိနပ်၊ တောခုတ်ဓားနှင့် လက်နှိပ်ဓါတ်မီးတို့ တစ်နေရာစီ ပြန့်ကျဲစွာ တွေ့ရှိခဲ့ရသဖြင့် ဆက်ကလက် လိုက်လံရှာဖွေရာ အနီးနား ခြုံပုတ်ထဲတွင် ၂၇ ပေခန့်ရှည်လျားသော စာပါးအုံးမြွေကြီးတစ်ကောင် မှိန်းနေသည်ကို တွေ့ရှိခဲ့ကြသည်။


စပါးအုံးမြွေ၏ ဝမ်းဗိုက်မှာ ပူဖောင်းနေသဖြင့် သားသမီးများနှင့် ရွာသားများက မသင်္ကာဖြစ်ကာ ဖမ်းဆီးခဲ့ကြပြီး ဝမ်းဗိုက်ကို ခွဲကြည့်ရာ အင်္ကျီအဝတ်အစား ဝတ်လျက်သားအတိုင်းပုံစံမပျက် သေဆုံးနေသော အမျိုးသမီးကြီးရဲ့ အလောင်းကို ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ကြရခြင်းဖြစ်သည်။


အလောင်းကို မြွေ၏ဝမ်းဗိုက်တွင်းမှ ထုတ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

Ref:mailonline
 



Follow us on