1. Home
  2. Special or Others

၁၁ ပေရှည်တဲ့ စပါးအုံးမြွေကြီး ကားဘောနတ်ဖုံးထဲဝင်​ခွေနေ

Special or Others มิ.ย. 18, 2561 view 1,734

စပါးအုံးမြွေကြီးတစ်ကောင် ကားအင်ဂျင် ဘောနတ်ဖုံးထဲမှာ ဝင်ခွေနေတာကြောင့် ယာဉ်ပိုင်ရှင်ဖြစ်သူ အမျိုးသမီး ထိတ်လန့်ခြောက်ခြားခဲ့ရပါတယ်။
ဇွန်လ ၁၁ ရက်နေ့က အမျိုးသမီးဟာ ဟိုတယ် (Badin Jaran) ရဲ့ရှေ့မှာ ရပ်ထားခဲ့တဲ့ သူမရဲ့ကားကို မောင်နှင်ဖို့ လာစခဲ့စည်မှာ စပါးအုန်းမြွေကြီးတစ်ကောင် သူမကားရဲ့ ရှေ့ဘီးပေါက်မှာ ခွေနေတာကို ထိတ်လန့်စွာ မြင်တွေ့ခဲ့ရပါတယ်။

အဲဒီနောက် သူမဟာ ရဲစခန်းကို ဖုန်းဆက်အကူညီတောင်စဉ် မြွေကြီးက ကားဘီးပေါ်ကနေတစ်ဆင့် ကားအင်ဂျင်ခန်း ဘောနတ်ဖုံးထဲကို လျှောဝင်သွားခဲ့ပါတယ်။ ရဲတွေက ကျွမ်းကျင်သူတွေကို ဆက်သွယ်ပြီး ရောက်လာတဲ့အချိန်မှာတော့ ကားဘောနပ်ဖုံးကို ဖွင့်လိုက်တဲ့အခါ မြွေကြီးက အင်ဂျင်ခန်းထဲမှာ ခွေနေတာကို တွေ့ခဲ့ရပါတယ်။

ကျွမ်းကျင်သူများက မြွေကြီးကို ကားပေါ်က ဆွဲချတဲ့အခါ ၁၁ ပေခန့် ရှည်လျားတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက် သူတို့ဟာ မြွေကြီးကို ပလတ်စတစ်ပုံးထဲ ထည့်ခဲ့ပါတယ်။

တရုပ်နိုင်ငံရဲ့ အရှေ့တောင်ဘက် အပူပိုင်းဒေသမှာသာ တွေ့ရှိရတဲ့ မြွေမျိုးတွေဟာ အခုလို အေးမြတဲ့ရာသီဥတုရှိတဲ့ မြောက်ပိုင်းကို ဘယ်လိုရောက်လာသလဲဆိုတာကို သစ်တောရဲအရာရှိတွေ တွေးလို့မရအောင်ဖြစ်နေပြီး အကြောင်းရင်းကို ဆက်လက် စုံစမ်းသွားမယ်လို့ သိရပါတယ်။

မျက်မြင်သက်သေတစ်ဦး ဖုန်းနဲ့ရိုက်ထားတဲ့ ဗီဒီယိုမှာ​တော့ မြွေကြီးကို ဖမ်းဆီးဖယ်ရှားနေတာကို အသည်းတယားယားနဲ့ တွေ့ခဲ့ရပါတယ်။


 



Follow us on