1. Home
  2. Special or Others

နေ့ခင်းကြောင်တောင် မော်တော်ဆိုင်ကယ်ကို ဝင်စီးတဲ့သရဲ

Special or Others มิ.ย. 19, 2561 view 1,719

သရဲခြောက်တဲ့ ဖြစ်ရပ်ဆန်းတွေ အတော်များများဟာ ညဘက်၊ နေဝင်ရီတရောအချိန်တွေမှာသာ အဖြစ်များပေမယ့် ဒီအဖြစ်ပျက်ကတော့ နေ့ခင်းဖက် လူမြင်ကွင်းကြီးမှာ ဖြစ်ပျက်ခဲ့တာပါ။ သည်ဖြစ်ရပ်ဆန်းကို CCTV ကင်မရာကနေ ရှင်းရှင်းလင်းလင်းကြီး မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းက တရုပ်နိုင်ငံ ဝေဟွီမြို့မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဆိုင်ကယ်စီးလာသူတစ်ယောက်ဟာ ဆိုင်တစ်ဆိုင်ရှေ့ အရောက်မှာ ဆိုင်ကယ်ကိုရပ်နားကာ ဒေါက်ထောက် ထောင်ထားခဲ့ပြီး ဆိုင်ထဲကို ဝင်သွားခဲ့ပါတယ်။
မိနစ်ပိုင်းလောက် အကြာမှာပဲ ဆိုင်ကယ်ဟာ ဒေါက်ထောက်ထားလျှက် မောင်းသူမရှိပဲ ဆိုင်ရှေ့ကားလမ်းမပေါ်မှာ စက်ပိုင်းပတ် နှစ်ပတ် သုံးပတ် သူ့ဟာသူ မောင်းနှင်လည်ပတ်နေခဲ့ပြီး နောက်ဆုံးမှာ လဲကျသွားခဲ့ပါတယ်။

သည်အဖြစ်ပျက်ဗီဒီယိုကိုကြည့်ပြီး သော့တန်းလန်းထားခဲ့တာကြောင့် ဆိုင်ကယ်ဟာ အလိုလျှောက် ဂီယာဝင်ပြီး မောင်နေတာဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့သလို၊ မောင်းသူမဲ့ဆိုင်ကယ်ကို တရုပ်က စမ်းသပ်တီထွင်နေတာ ဖြစ်ကြောင်း သရော်ခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ထူးဆန်းတဲ့ အဆိုပါဖြစ်ရပ် ဗီဒီယိုကတော့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ဝေဖန်လျှက်ရှိနေပါတယ်။
ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ပရိသတ်ကြီးလည်း ဝေဖန်သုံးသပ်ပေးခဲ့ကြပါဦး။



Follow us on