1. Home
  2. Movie Stars - Celebrity

ရန်ကုန်ဆေးရုံကြီးကလူနာများအတွက် မနက်စာလှူတန်းခဲ့တဲ့ ခိုင်နှင်းဝေ

Movie Stars - Celebrity มิ.ย. 19, 2561 view 1,530

ပရဟိတအလုပ်တွေမှာ ပျော်မွေ့နေသူတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ယနေ့ဇွန်လ ၁၉ ရက်နေ့မနက်ပိုင်းမှာ ရန်ကုန်ဆေးရုံကြီးကလူနာများအတွက် မနက်စာအလှူကို လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ သူမဘ၀ကိုပြောင်းလဲပေးတယ့် အမှတ်တရနေ့လေးဖြစ်တဲ့အတွက်ကြောင့် ယနေ့မှာ အလှူအတန်းလေးတစ်ခုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကိုယ်ပိုင်ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ထားတဲ့ ခိုင်နှင်းဝေက ယခုအခါမှာတော့ သူမလေးစားရတဲ့ ရွှေကြာလူမှုကူညီရေးအသင်းမှတစ်ဆင့် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

“ကျမ ဘဝရဲ့ ကောင်းခြင်းတွေမှာရပ်တည်ဖို့ပြောင်းလဲပေးတဲ့ (၁၉).အမှတ်တရလေးဖြစ်တဲ့အတွက် ကျမလေးစားချစ်ခင်ရတဲ့ ရွှေကြာလူမှုကူညီရေးအသင်းမှာ သွားရောက်လှူဒါန်းခဲ့ပါတယ်ရှင်..ရန်ကုန်ဆေးရုံကြီးမှ လူနာများ မနက်စာအတွက် လှူခဲ့ပါတယ်ရှင်...အားလုံးပဲ ကိုယ်စိတ်နှစ်ဖျာရွှင်လန်းချမ်းမြေ့ကြပါစေရှင်” ဆိုတဲ့စာသားလေးရေးကာ အလှူပုံရိပ်များကို သူမရဲ့လူမှုကွန်ယက်မှာ အများတကာသာဓုခေါ်နိုင်ဖို့ မျှဝေထားပါတယ်။

အနုပညာလောကထဲမှာ နေရာတစ်နေရာအခိုင်အမာရရှိခဲ့တဲ့သူမက ယခုချိန်မှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကာ ပရဟိတအလုပ်တွေကိုပဲ တစ်စိုက်မတ်မတ်လုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဘုရားတရားလဲကိုင်းရှိုင်းသလို၊ အလှူရေစက်လက်နဲ့မပြတ်အောင် ကုသိုလ်ယူလှူဒါန်းမှုတွေပြုလုပ်နေတဲ့ မခိုင်နှင်းဝေရဲ့အလှူကို ပရိသတ်ကြီးအားလုံးလည်းသာဓုခေါ်နိုင်ပါစေနော်....

 

 

 

 



Follow us on