1. Home
  2. Special or Others

ဖေ့စ်ဘွခ်ပေါ်တင်ဖို့ ဆယ်လ်ဖီဆွဲရင်း ပေ ၁၇၀ ရေတံခွန်ပေါ်က ပြုတ်ကျ

Special or Others มิ.ย. 19, 2561 view 1,456

အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ လူမှုကွန်ယက်ဖေ့စ်ဘွခ်ပေါ်မှာ တင်ရန် ပေ ၁၇၀ အမြင့်ရှိတဲ့ ရေတံခွန်ထိပ်အဖျားမှာ ဆယ်လ်ဖီဓါတ်ပုံရိုက်စဉ် ပြုတ်ကျသေဆုံးခဲ့ပါတယ်။

ရမ်ဂျန်အူစမန်ကာဂျီ ဆိုသူ အမျိုးသားဟာ နာမည်ကျော် ဂိုကတ်ရေတံခွန်ပေါ်တက်ပြီး ရေကျနေတဲ့နေရာထိ တွယ်ဆင်းခဲ့စဉ် ခြေချော်ကျကာ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ကာဂျီနဲ့ သူ့ရဲ့သူငယ်ချင်းတစ်ခုဟာ အဲဒီအချိန်မှာ အရက်မူးနေခဲ့ပြီး စတန့်ထွင်ကာ ရေတံခွန်အောက်သို့ ဆင်းချိန်တွင် ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

သူဟာ ရေတံခွန်ကျောက်တောင်အောက်ကို ဆင်းသွားပြီး ကျောက်တောင်ကို ခိုလျှက် မိုက်ရူးရဲဆန်သည့် ဓါတ်ပုံရိုက်ကူးရန် ကြိုးစားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။

သက်ဆိုင်ရာရဲအဖွဲ့က ပြုတ်ကျခဲ့သူရဲ့ အလောင်းကို ရှာဖွေနေပေမယ့် ခုချိန်ထိတော့ မတွေ့ရှိသေးပါဘူး။
စနေနေ့ ညနေ ၃ နာရီနဲ့ ၄ နာရီကြားထဲမှာ ဖြစ်ခဲ့တာပါ၊ ရေကလည်း အရမ်းနက်တာကြောင့် ခုချိန်ထိတော့ အလောင်းရှာမတွေ့သေးပါဘူး” ဟု ရဲအရာရှိက ပြောကြားခဲ့ပါတယ်။



Follow us on