1. Home
  2. Health Fix

အရွယ်မရွေးလူတိုင်းကြုံတွေနိုင်တဲ့ လေဖြတ်ရောဂါအကြောင်း

Health Fix มิ.ย. 20, 2561 view 1,769

ယခင်က “လေဖြတ်” တယ်ဆိုတာဟာ အသက်ကြီးပိုင်းတွေမှာသာ ကြုံတွေ့ရတတ်တဲ့ နာတာရှည် ရောဂါဝေဒနာဖြစ်သော်လည်း ယခုနောက်ပိုင်းမှာတော့ လူကြီးလူငယ်၊ ကလေးလေးတွေပါမကျန် အရွယ်အားလုံးကို ခြိမ်းခြောက်နေတဲ့ ဝေဒနာတစ်ခု ဖြစ်လို့နေပါတယ်။

Stroke လေသင်တုန်းဖြတ်ခြင်းမှာ အစ်ကီးမစ်ခ် စတုတ်ခ် (Ischemic Stroke) နဲ့ ဟေမိုရက်ဂျစ်ခ် စတုတ်ခ် (Hemorrhagic Stroke) ဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်။
 

၁။ အစ်ကီးမစ်ခ် (Ischemic Stroke)
ဦးနှောက်ကို ပေးပို့တဲ့ သွေးလမ်းကြောင်း၊ သွေးကြောတွေထဲမှာ သွေးခဲပြီးပိတ်ဆို့ခြင်းကြောင့် လိုအပ်တဲ့ အောက်ဆီဂျင်ကို ဦးနှောက်က မရရှိတော့တဲ့အခါ ဖြစ်တတ်တဲ့ လေဖြတ်ခြင်း အမျိုးအစားဖြစ်ပါတယ်။ လေဖြတ်သူအားလုံးရဲ့ ၈၀% က Ischemic Stroke ကြောင့် ဖြစ်ရတတ်ပါတယ်။
 
၂။ ဟေမိုရက်ဂျစ်ခ် (Hemorrhagic Stroke)
ဖြစ်ခဲတဲ့ လေဖြတ်ခြင်း အမျိုးအစားဖြစ်ပြီး ဖြစ်ခဲ့ပါကလည်း အသက်ရှင်ရန်အခွင့်အလမ်း မရှိသလောက် နည်းပါးလွန်းတာကြောင့် အလွန်ကြောက်စရာကောင်းတဲ့ လေဖြတ်ခြင်းဖြစ်ပါတယ်။
 
သွေးကြောပေါက်ထွက်ပြီး သွေးအများအပြား ဦးနှောက်ထဲယိုစီးရာမှ အခြားလိုအပ်တဲ့ အစ်တ်အပိုင်းတွေကို သွေးမထောက်ပံ့နိုင်တော့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ဒါကို ဦးနှောက်သွေးကြောပေါက်တယ်လို့ အားလုံးက သိရှိလက်ခံထားကြပါတယ်။
 

ဒီလိုဖြစ်ပြီဆိုရင် ၃၀% သောသူတွေဟာ ဆေးရုံမမီတော့ပဲ သေဆုံးတတ်ပါတယ်။ ၂၅% သောသူတွေကတော့ ၂၄ နာရီအတွင်း သေဆုံးတတ်ပါတယ်။ ၄၀% သောသူတွေကတော့ ချက်ခြင်း မသေဆုံးကြပေမယ့် တစ်ပတ်အတွင်းမှာ သေဆုံးတတ်ကြပါတယ်။
 
ဒါကြောင့်မို့ Hemorrhagic Stroke ဟာ အလွန်ကြောက်စရာကောင်းတဲ့ လေဖြတ်ခြင်း အမျိုးအစားဖြစ်ပါတယ်။

 

ဘာကြောင့်လေဖြတ်နိုင်သလဲ..?
လေဖြတ်ရတဲ့အကြောင်းရင်းတွေက များစွာရှိနေပါတယ်။ အဓိကအားဖြင့် အသက်အရွယ်ကြောင့် (ဒီနေရာမှာ လက်ရှိခေတ်အခြေအနေအရ အရွယ်သုံးပါးမရွေး လေဖြတ်နိုင်တဲ့ အနေအထားတွေရှိနေပါတယ်) ဒါ့အပြင် သွေးတိုး၊ ဆေးလိပ်၊ အဝလွန်ခြင်း၊ အထိုင်များသူတွေ၊ ဆီးချိုရှိသူ၊ မိသားစုထဲမှာ လေဖြတ်ဖူးတာမျိုး ရာဇဝင်ရှိသူနဲ့ ယခင်က လေဖြန်းဖူးသူတွေဟာ လေဖြတ်ခြင်းနဲ့ လက်တစ်ကမ်းမှာ ကြိုးတန်းလမ်းလျှောက်နေကြရသူတွေဖြစ်ပါတယ်။
 
 
ရှေ့ပြေးလက္ခဏာများ
ရှေ့ပြေးလို့ဆိုသော်ငြားလည်း အချက်အားလုံးဟာ ရုတ်တရက်ဖြစ်တာကြောင့် တစ်ကယ်လေဖြတ်ခံရချိန်နဲ့ သိပ်မကွာပဲ သိလိုက်လိုက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
 
အကျိုးဆက်အနေနဲ့ အကြမ်းမျဉ်း လေဖြတ်သူ ၄ ဦးမှာ ၃ ဦးလောက် အသက်ရှင်နိုင်ပါတယ်၊ ဒါပေမယ့် နာတာရှည် မသန်မစွမ်းလူနာအဖြစ်နဲ့ နေထိုင်သွားရတတ်ပါတယ်။
 
လေဖြတ်ပြီလို့ ချက်ချင်းသိလိုက်ရပြီး ၃ နာရီအတွင်းမှာ ခွဲစိတ်ကုသတာ ဒါမှမဟုတ် tPA (tissue plasminogen activator) ဆိုတဲ့ ဆေးထိုးပြီး ကုသမယ်ဆိုရင်တော့ နာတည်ရှည် မသန်းမစွမ်းဖြစ်မယ့် အခြေနေကနေ ကယ်တင်နိုင်ပါလိမ့်မယ်။
 
ဒါကြောင့်မို့ “လေဖြတ်” ဝေဒနာဟာ ချက်ခြင်းပေါ် ချက်ခြင်း ဆိုကျိုးတွေ ခံစားရတတ်တာကြောင့် နေ့စဉ်ဘဝ နေထိုင်မှုပုံစံတွေ ပြောင်းလဲခြင်းဖြင့် မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ သင့်တဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။


Follow us on