
လက်ရှိကျင်းပပြုလုပ်နေသော ၂၀၁၈ ခုနှစ် ကမ္ဘာဖလား ပွဲစဉ်များ တိုက်ရိုက်ထုတ်လွှင့်မှုကို ရွှေသံလွင်မီဒီယာ “SkyNet” မှ တစ်ဦးတည်းမူပိုင်ပြသခွင့်ရရှိထားပါတယ်။
SkyNet ရုပ်သံလိုင်းများမှ ပြသလျှက်ရှိသော အဆိုပါပွဲစဉ်များအား တိုက်ရိုက်(LIVE) ကြည့်ရှုနိုင်ပါကြောင်း FIFA အမှတ်တံဆိပ်သုံးစွဲကာ ဟိုတယ်များတွင် ကြေညာထားပါက တရားဥပဒေဘောင်အတွင်းမှ နစ်နာကြေး တောင်းခံသွားမည်ဖြစ်ကြောင်း ရွှေသံလွင်မီဒီယာမှ ဇွန်လ(၁၈) ရက်နေ့ နေ့စွဲဖြင့် သတိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင်ပါဝင်သော အဓိကအချက်အရ SkyNet မှပြသနေသော အစီစဉ်များကို ဟိုတယ်တွင်းရှိ ဧည့်သည်အခန်းများ၊ လော်ဘီဧည့်ခန်း၊ ကဖေးဆိုင်၊ ဘားခန်းတို့တွင် ပြသမည်ဆိုပါက Hotel Package ကို SkyNet မှ ဝယ်ယူပြသရန်လိုအပ်ပါသည်။
ယင်းကဲ့သို့ Hotel Package များ ဝယ်ယူခြင်းမရှိပဲ ဖော်ပြပါနေရာများတွင်ပြသခြင်း၊ ကမ္ဘာ့ဖလား တိုက်ရိုက်ထုတ်လွှင့်မှုကို ဤနေရာတွင် ကြည့်ရှုနိုင်ပါကြောင်း စသည်ဖြင့် ကြော်ငြာခဲ့ပါက တရားဥပဒေဘောင်အတွင်းမှ နစ်နာကြေးတောင်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။


ယင်းကြေညာချက်တွင် ဟိုတယ်များကိုသာ ဖော်ပြထားသဖြင့် လမ်းဘေး လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင်ပါ သက်ရောက်မှုရှိ/မရှိ ရှင်းလင်းစွာ သိရှိရန် ပါရှိသော ဖုန်းနံပါတ်များကို ဆက်သွယ်ရာတွင် စက်ပိတ်ထားသဖြင့် ရှင်းလင်းစွာ မသိရှိရသေးပါ။
comment