1. Home
  2. Myanmar News

ကောလင်းမြို့ နာရေးအလှူမှာ လူ ၄၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

Myanmar News มิ.ย. 21, 2561 view 1,609

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ရှိ နာရေးအလှူတစ်ခုတွင် ကျွေးမွေးသော အစားအစာများကို စားသုံးပြီးနောက် လူ ၄၀ ကျော် အစာအဆိပ်သင့်ပြီး ကောလင်းပြည့်သူ့ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရှိရသည်။

ဇွန် ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ကောလင်းမြို့၊ ပြင်ဦးလွင်ရပ်ကွက်ရှိ ကွယ်လွန်သူ ဒေါ်အုန်းမေ (၉၁ နှစ်) ၏ နာရေးတွင် ကျွေးမွေးသော ထမင်း၊ ငါးခြောက်၊ သရက်ချဉ်သုပ်၊ မှန်ရောင်ဟင်းချို၊ ငရုပ်သီးကြော်၊ ပဲနှပ်ဟင်း တို့ကို စားသောက်ပြီးနောက် ညနေ ၃ နာရီခန့်တွင် ဗိုက်နာ၊ မူးဝေ၊ အော့အန်မှုတွေ ဖြစ်ပွားခဲ့သည်။

ညနေ ၅ နာရီခန့်အချိန်တွင် အစာအဆိပ်သင့်သူများ ကောလင်းပြည်သူဆေးရုံကြီးသို့တင်ပို့ခဲ့ကြရာ ဇွန်လ ၂၁ ရက်နေ့ထိ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၄၂ ဦး ရှိပြီဖြစ်ကြောင်း ကောလင်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးဆွေက ပြောကြားခဲ့သည်။

မည်သည့်အစာက အစာအဆိပ်သင့်မှုဖြစ်ပွားတယ်ဆိုတာ အတိအကျမပြောနိုင်သော်လည်း ငါးခြောက်က ဖြစ်နိုင်ကြောင်း ယူဆထားသည်။ အစာအဆိပ်သင့်သူများအား ဆေးဝါးကုသပေလျှက်ရှိပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရှိရသည်။

သတင်းရင်းမြစ် - DVB



Follow us on