1. Home
  2. Special or Others

‘ဝ’တဲ့အမျိုးသမီးတွေကို အခမဲ့ဝင်ခွင့်ပြုတဲ့ ဘက်စုံကစားကွင်း

Special or Others มิ.ย. 21, 2561 view 1,611

တရုပ်နိုင်ငံက တန်မင်းဆက် ပန်းခြံကြီးတစ်ခုက သူ့ရဲ့ကစားကွင်းကို သူများနဲ့မတူတဲ့ ပုံစံနဲ့ အရောင်းမြှင့်တင်ခဲ့ပါတယ်။ ‘ဝ’တယ်ဆိုတာ အလှတရားတစ်ခုပါပဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်အလေးချိန် ၆၁.၈ ကီလိုရှိတဲ့ အမျိုးသမီးတွေကို ဝင်ကြေးအခမဲ့နဲ့ ဝင်ရောက်လည်ပတ်ခွင့် ပြုခဲ့တာပါ။

ဇွန်လ ၁၅ ရက်နဲ့ ၁၉ ရက်တို့မှာ လက်မှတ် ၆၁၈ စောင်ကို လာရောက်လည်ပတ်ကြတဲ့ အမျိုးသမီးတွေထဲက ကီလို ၆၁.၈ (၁၃၆ ပေါင်) ကျော်တဲ့ သူတွေကို အခမဲ့ပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၆ လပိုင်း ၁၈ ရက်နေ့မှာ ကျရောက်တဲ့ နဂါးလှေပွဲတော် အထိမ်းအမှတ်အဖြစ် ၆၁၈ စောင် သတ်မှတ်ခဲ့တာပါ။

ယခင်က တရုပ်လူမျိုးတို့ သတ်မှတ်ထားတဲ့ အလှတရားဆိုတာ အခုခေတ်နဲ့တော့ ကွာဟမှုတွေရှိနေပါပြီ။ ဟိုယခင်က အမျိုးသမီးတွေရဲ့ အလှအပဟာ တစ်တစ်ရစ်ရစ် ဝဝဖူးဖူး မျက်နှာပိုင်ရှင်လေးတွေ ဖြစ်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ ပိန်သွယ်မှ၊ ဆိုပြီး ကျန်းမာရေးဘက်ကို ဦးစားပေးလာတဲ့ ပုံစံတွေ ပြောင်းလဲနေပါတယ်။

ဒါကြောင့် ယခုလို တန်မင်းဆက် ကိုအောက်မေ့တသတဲ့အနေနဲ့ ဝဝတုတ်တုတ် အမျိုးသမီးလေးတွေကို အခမဲ့လက်မှတ်တွေပေးခဲ့တာပါ၊ လက်မှတ်တစ်စောင်ရဲ့ ပုံမှန်ဈေးနှုန်းကတော့ ယွမ် ၉၀ (၂၀,၀၀၀ ကျပ် ဝန်းကျင်) ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာတော့ အခမဲ့လက်မှတ်အတွက် တန်းစီနေတဲ့ အမျိုးသမီးတွေဟာ အဝင်ဝက ကတ္တားချိန်ခွင်ကြီးပေါ်မှာ သူတို့ရဲ့ ကိုယ်အလေးချိန်ကို တက်ရောက် ချိန်တွယ်နေတာ တွေ့မြင်ကြရပါတယ်။



Follow us on