1. Home
  2. Special or Others

လိုင်းပေါ်မှာ ပုံစံအသစ်နဲ့ စီးပွားရှာလိုက်တဲ့ ဖေ့ဘွခ်ဆယ်လီ

Special or Others มิ.ย. 22, 2561 view 1,442

ထိုင်းနိုင်ငံက အလန်းစား ဖေ့စ်ဘွခ်ဆယ်လီ မော်ဒယ်တစ်ဦးဟာ ဇွန်လ ၂၀ ရက်နေ့က သူမရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှာကနေ ဖော်လိုဝါတစ်ဦးလျှင် ထိုင်ငွေ ၁ ဘတ်စီ သူမကို လှူကြဖို့ ဓါတ်ပုံနဲ့တစ်ကွ ပို့စ်စာသားတစ်ခုရေးတင်ခဲ့ပါတယ်။

ဖော်လိုဝါ ၃၀,၀၀၀ ခန့်ရှိတဲ့ သူမဟာ အကြွေးနဲ့ဝယ်ယူထားတဲ့ ကားအသစ်အတွက် လစဉ်ကြေးသွင်းဖို့ ပိုက်ဆံမရှိတာကြောင့် သူမကို ကူညီတဲ့အနေနဲ့ ဖော်လိုဝါ တစ်ဦးလျှင် ၁ ဘတ်စီ လှူဒါန်းကြပါလို့ သူမရဲ့ ကားအသစ်ကြီးနဲ့ အတူတူရိုက်ထားတဲ့ ဓါတ်ပုံနဲ့အတူ တင်ထားခဲ့တာဖြစ်ပါတယ်။

အားလုံးကို အကူညီတစ်ခုလောက်တောင်းချင်ပါတယ်။ ကျေးဇူးပြုပြီး တစ်ယောက်ကို ၁ ဘတ်စီလောက် ကူညီကြပါနော်။ ကျွန်မဝယ်ထားတဲ့ ကားအသစ်အတွက် ဒီလပေးစရာ ပိုက်ဆံမလောက်လို့ပါ” လို့ ရေးသားခဲ့ပါတယ်။

အဲဒီပိုစ့်ရဲ့ အောက်မှာတော့ သူမကို သနားသူတွေ၊ မေးခွန်းထုတ်သူတွေ ဝေဖန်သူတွေနဲ့ ကွန်မန့်တွေ ချက်ခြင်းပြည့်နှက်သွားခဲ့ပါတယ်။
ဖော်လိုဝါ တစ်ယောက်က သူမ ဟောင်ကောင်က DisneyLand မှာ ကဲနေတဲ့ ပုံကိုဆွဲထုတ်ပြလာပြီး သူ့မှာ ပိုက်ဆံမရှိဘူးဆိုတာ လုံးဝမယုံဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ဒါအပြင် “ပိုက်ဆံမရှိသလိုလို ဘာလိုလိုနဲ့ သူ့ဟာသူကပ်စေးနဲပြီး နောက်ကွယ်မှာ ဒီလိုပျော်ပါးနေတဲ့သူကို ငါတို့က ဘာလို့ ပိုက်ဆံပေးရမှာလဲ” လို့ ဝေဖန်ခဲ့ပါတယ်။

မိတ်ဆွေရော ဖေ့စ်ဘွခ်ဆယ်လီတစ်ယောက်က ပိုက်ဆံ တစ်ကျပ်လောက်ပေးပါလားလို့ ပြောလာခဲ့ရင် ဘယ်လိုတုံ့ပြန်မှာလဲဆိုတာ မန့်သွားခဲ့ပါဦးနော်။
 



Follow us on