1. Home
  2. Special or Others

တန်ဖိုးကြီးဖရာရီးကား ငှားစီးပြီး တစ်မိနစ်အကြာ ရစရာမရှိအောင်တိုက်ပစ်

Special or Others มิ.ย. 25, 2561 view 1,562

မြန်မာကျပ်ငွေ သိန်း ၉ ထောင်ကျော်တန် ဖရာရီးအမှတ်တံဆိပ် အီတလီနိုင်ငံထုတ်ပြိုင်ကားကို ကားအငှားကုမ္ပဏီမှ သွားယူငှားစီးခဲ့တဲ့ အမျိုးသမီးဟာ တစ်မိနစ်ခန့်အကြာမှာ အရှိန်မထိန်းနိုင်ပဲ ယာဉ်မတော်တဆမှုဖြစ်ကာ ကားတစ်စီးလုံး ရစရာမရှိအောင် ပျက်စီးခဲ့ပါတယ်။

တရုပ်နိုင်ငံ ဝမ်လင်မြို့ ယာဉ်အသွားအလာများတဲ့ လမ်းမကြီးပေါ်မှာ Ferrari 458 ကို အမျိုးသမီးတစ်ဦး မောင်းနှင်လာစဉ် မထိန်းနိုင်ပဲ ကားမှာ တစ်ပတ်ချာလည် လည်သွားခဲ့ပြီး ယာဉ်ကြောနှစ်ခုခြားနားထားတဲ့ သံတိုင်များကို ဖြတ်တိုက်ကာ တစ်ဖက်ကလာနေတဲ့ BMW ကားကိုပါ ဆက်လက်ဝင်တိုက်ခဲ့ပါတယ်။

ယာဉ်မတော်တဆမှုမဖြစ်မီက အမျိုးသမီးက မီးပွိုင့်စောင့်နေစဉ် သူ့ရဲ့ လက်ကိုင်ဖုန်းနဲ့ ကားအတွင်းကနေ ဗီဒီယိုရိုက်ခဲ့ပြီး၊ ပထမဦးဆုံးအကြိမ် ဖရာရီးကားမောင်းရတာမို့ အရမ်းစိတ်လှုပှ်ရားနေကြောင်း ပြောဆိုခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဖရာရီးပေါ်လိုက်ပါလာတဲ့ အမျိုးသမီးနှစ်ဦးစလုံး ဒဏ်ရာမရခဲ့ပေမယ့် ဖရာရီးကားရဲ့ ခေါင်းပိုင်းတစ်ခုလုံး ပျက်ဆီးသွားခဲ့ပါတယ်။ အဆိုပါဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး အရှိန်အများကြီးမပါပဲ တိုက်ခဲ့ပေမယ့် ကားခေါင်းပိုင်းတစ်ခုလုံး ပျက်ဆီးခဲ့တာကြောင့် လူတွေ ဝေဖန်စရာဖြစ်နေခဲ့ပါတယ်။ တိုက်ခံခဲ့ရတဲ့ BMW X3 အမျိုးစားကားမှာတော့ ဘေးဘက်အနည်းငယ် ထိခိုက်သွားပြီး နောက်ထပ်ယာဉ်တစ်စီးကိုလည်း ထပ်ဆင့်တိုက်ခဲ့ပါတယ်။

ဖရာရီးကား ပျက်ဆီးမှု လျှော်ကြေးအတွက် ယာဉ်မောင်းအမျိုးသမီးမှာ အာမခံအပြည့်အဝ ထား/မထားဆိုတာကိုတော့ အတိကျမသိရှိပါ။



Follow us on