1. Home
  2. Myanmar News

စင်ကာပူတွင် မြန်မာအိမ်အကူတစ်ဦး အိမ်ရှင်ကို သတ်မှုနဲ့ဖမ်းဆီးခံရ

Myanmar News มิ.ย. 26, 2561 view 1,584

စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်အကူတစ်ဦးက အသက် ၇၀ အရွယ် အလုပ်ရှင်အမျိုးသမီးကြီးအား သတ်ဖြတ်မှု သံသယတရားခံအဖြစ် ဇွန်လ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။

စင်ကာပူနိုင်ငံ ချွဲချူးကန် ရပ်ကွက် တိုက်အမှတ် ၇၉၁ တွင် ဖြစ်ပွားခဲ့ပြီး ယနေ့နံနက် ၃ နာရီအချိန်ခန့်တွင် သတင်းအရ ရဲများသွားရောက်ခဲ့ရာ အိမ်ရှင်အမျိုးသမီးကြီးမှာ ကြမ်းပြင်ပေါ်တွင် သေဆုံးလျှက်အနေအထားနဲ့ တွေ့ရှိခဲ့ရသည်။

အိမ်အကူ မြန်မာအမျိုးသမီးကို လူသတ်မှု သံသယတရားခံအဖြစ် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး လာမည့် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း စင်ကာပူသတင်းတွင် ဖော်ပြပါရှိသည်။
 



Follow us on