1. Home
  2. Special or Others

ကြိုးမဲ့စနစ်နဲ့ ချိပ်ဆက်နိုင်မည့် Seagate HD လာပါပြီ

Special or Others มิ.ย. 27, 2561 view 1,730

အချက်လက်သိုလှောင်သိမ်းဆည်းမှု External Hard Drive လောကမှာ ထိပ်တန်းအမှတ်တံဆိပ်ဖြစ်တဲ့ Seagate က ကွန်ပျူတာနဲ့သာမက မိုဘိုင်းများနဲ့ပါ ကြိုးမဲ့စနစ်နဲ့ ချိပ်ဆက်နိုင်မယ့် Hard Drive အမျိုးအစားသစ်ကို ထပ်မံထုပ်လုပ်လိုက်ပြီး ဈေးကွက်တွင် ဝယ်ယူနိုင်ပါပြီ။

ဂစ်ဂါဘိုက်(GB) 500, 1TB, 2TB ဆိုပြီး သုံးမျိုးရှိပါတယ်။ အများဆုံးသိမ်းဆည်းနိုင်မှု ဂစ်ဂါဘိုက် ၂၀၀၀(2TB) ကျော်သိမ်းဆည်းနိုင်တဲ့ 2TB ပမာဏာဟာ လုံလောက်တဲ့ ပမာဏလို့ဆိုနိုင်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ မိုဘိုင်းစမတ်ဖုန်း iOS, Android နှစ်မျိုးလုံးကနေ Seagate Media အပလီကေးရှင်း အသုံးပြုပြီး မိမိသိမ်းဆည်းလိုတဲ့ ဖိုင်တွေအားလုံးကို ကြိုးမဲ့စနစ်နဲ့ ဟာ့ဒစ်ထဲကို ပြောင်းထည့်နိုင်ပါတယ်။

ဒါ့အပြင် WiFi ချိပ်ဆက်မှုတစ်ခုတည်းကနေ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ဘလပ် စုစုပေါင်း (၇)လုံးထိ Seagate နဲ့ချိပ်ဆက်ပြီး တစ်ပြိုင်တည်း အသုံးပြုနိုင်ပါသေးတယ်။ စမတ်တီဗီနဲ့ ချိပ်ဆက်ပြီး ဟာ့ဒစ်ထဲမှာ သိမ်းထားတဲ့ ရုပ်ရှင်ကားတွေကို ကြည့်နိုင်ပါတယ်။

ကြိုးနဲ့ချိပ်ဆက်သုံးချင်သူတွေအတွက်တော့ USB 3.0 က အဆင့်သင့်ပါ။ ကြိုးမဲ့စနစ်ဖြစ်တာကြောင့် ဘက်ထရီထည့်ပေးထားပြီး ၁၀ နာရီကြာ ဆက်တိုက် အသုံးခံနိုင်ပါတယ်။ WiFi ချိပ်ဆက်မှုကလည်း စတုရန်းပေ ၈၀၀ ပတ်လည်မှာ နံရံတွေခြားနေပါစေဦး ကောင်းကောင်းကြီး ချိပ်ဆက်နိုင်ပါတယ်။

Seagate 2TB ကို ဒေါ်လာ ၁၇၉.၉၉ (ကျပ် ၂ သိန်းခွဲဝန်းကျင်) နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါကြောင်း Digital နဲ့ IT ပစ္စည်းအသစ်များ နှစ်သက်သူတွေအတွက် သတင်းကောင်းပါးလိုက်ပါတယ်။

 

Download Seagate Media

>> For iOS

>> For Android



Follow us on