1. Home
  2. Special or Others

အသက်နဲ့ရင်းနှီးပြီးမှ မြွေဟောက်ကို ကယ်ဆင်ခဲ့တဲ့ ထိတ်လန့်ဖွယ်ရုပ်သံ

Special or Others มิ.ย. 29, 2561 view 1,481

အိန္ဒိယနိုင်ငံ မဟာရာဇထရာ ပြည်နယ်က ရေလှောင်ကန်ကြီးတစ်ခုထဲမှာ ရေနစ်နေတဲ့ ရှားပါးမျိုးနွယ် မြွေဟောက်နက်ကြီးတစ်ကောင်ကို တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးဟာ သူ့ရဲ့အသက်နဲ့ ရင်းနှီးပြီး ခက်ခက်ခဲခဲကယ်ဆယ်ခဲ့ရပါတယ်။

ရေလှောင်ကန်ကြီးက မတ်စောက်တာကြောင့် အထဲကို ကျသွားတဲ့ မြွေဟောက်နက်ကြီးဟာ ၁၂ နာရီကျော်ကြာ ရေကန်ထဲ ပိတ်မိနေခဲ့ကာ ပြန်တက်ဖို့ခက်ခဲနေပြီး ရေနစ်တော့မယ့် ဘေးကြုံနေခဲ့တာဖြစ်ပါတယ်။ မြွေကျွမ်းကျင်သူ အသက် ၂၈ နှစ်အရွယ် အကတ်ရှ်ဂျာဒါ့ က ကုန်စောင်းကြီးကို ကြိုးနဲ့လျောဆင်းပြီး မြွေကြီးကို ကယ်ဆယ်ခဲ့ပုံက ကြည့်ရသူတိုင်း ရင်တထိတ်ထိတ်ဖြစ်ခဲ့ရပါတယ်။ မြွေကြီးက လှမ်းပေါက်တာကိုရှောင်ရင်း အကိုက်ခံရဖို့ လက်မတင်လေး ဖြစ်ဖြစ်သွားတာက အသက်ရှုရပ်သွားလောက်ပါတယ်။

မြွေကြီးဟာ ၁၂ နှစ်သားခန့်ရှိမယ်လို့ ခန့်မှန်းပြီး အရှည် ၆ ပေ ရှည်လျားပါတယ်။ မြွေဟောက်ကြီးကို ဖမ်းဆီးကယ်တယ်ခဲ့ပြီးနောက် ဘေးလွတ်ရာ တောထဲတစ်နေရာကို ပြန်လွှတ်ပေးခဲ့တာတွေ့ခဲ့ရပါတယ်။
 



Follow us on