1. Home
  2. Myanmar News

ပြိုင်ကားနှင့် မူးယစ်ဆေးဝါးလိုက်လံ ဖြန့်ဖြူးသူ ထွက်ပြေးတိမ်းရှောင်

Myanmar News ก.ค. 02, 2561 view 1,652

မုံရွာမြို့နယ်တွင် မူးယစ်ဆေးဝါးဖြန့်ဖြူသူတစ်ဦးအား သတင်းအရ ရဲအဖွဲ့မှ စောင့်ကြည့်ဖမ်းဆီးခဲ့ရာ သူ၏ပြိုင်ကားကို ထားရစ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဖြစ်စဉ်မှာ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်မှ တိုးဝေ ဆိုသူသည် ဆလွန်းပြိုင်ကားဖြင့် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသည်ဆိုသော သတင်းအရ ရဲအဖွဲ့က ဇွန်လ ၂၉ ရက်နေ့ နံနက် ၅ နာရီတွင် စောင့်ကြည့်ခဲ့ရာ တိုးဝေ ဆိုသူ ရောက်မလာခဲ့သဖြင့် ကားကိုသွားရောက်စစ်ဆေးရှာဖွေခဲ့ရာ အနက်ရောင် ဆလွန်းပြိုင်းကားနှင့်အတူ အလေးချိန်၂၅ ဂရမ်ခန့်ရှိ ပလတ်စတစ်အိတ်ကို တိတ်နှင့်ပတ်လျက် ထည့်ထားသော 88/1 ပန်းရောင်စိတ်ကြွဆေးပြား ၅၀ စီပါ ၅ ထုတ် အလေးချိန် ၆ ဒသမ ၅ ဂရမ်ခန့်ရှိ ပလတ်စတိတ်အိတ်နှင့် ထုပ်ထားသော 88/1 ပန်းရောင်ဆေးပြား ၆၅ပြား ဦးတိုးဝေ အမည်ပါ နိုင်ငံသားစိစစ်ရေးကဒ်နှင့်`ခ´ယာဉ်မောင်းလိုင်စင် ငွေစက္ကူရောရာ (၂၉၃၀၀၀)ကျပ်နှင့် တစ်ထောင်ကျပ်တန်ငွေစက္ကူ တစ်သိန်းကျပ် နှင့် Power Bank၂ခုတို့ကို ပြိုင်ကားအတွင်းမှ တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

တရားခံကို အမြန်ဆုံးဖမ်းဆီးရမိဖို့ အဖွဲ့တွေခွဲပြီးပိတ်ဆို့ သတင်းရယူဆောင်ရွက်နေပါတယ်။ သူ့ကိုမိပြီဆိုရင် ကွင်းဆက်တွေ ဆက်ဖော်ထုတ်ဖို့ရှိပါတယ်။ မူးယစ်ဆေးဝါးကတော့ ကလေးတွေကအစ ပျက်စီးစေတယ်။ လူညွန့်တုံးစေတယ်။ အဲဒါကြောင့် တစ်နိုင်ငံလုံးလည်း ရည်မှန်းချက်တာဝန်အနေနဲ့ ချမှတ်ဆောင်ရွက်နေတာပါ။ ပပျောက်အောင်လည်း ဆက်လက်ဆောင်ရွက်နေပါတယ်။”ဟု ဒုရဲမှုးကျင်စိန် ကရှင်းပြသည်။

ဆက်လက်၍ တိုးဝေ၏ နေအိမ်သို့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုးနှင့်အဖွဲ့မှ မူးယစ်ဆေးရှာဖွေဖမ်းဆီးခွင့်ဝရမ်းဖြင့် သွားရောက်ရှာဖွေဖမ်းဆီးရာ မူးယစ်ဆေးဝါးများ တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ တိုးဝေ အား မုံရွာမြို့မရဲစခန်း မယ(ပ)၂/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးစုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မန္တလေးတိုင်းအတွင်း ခိုင်လုံသော သတင်းရရှိပြီး သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် တရားခံများက ရှောင်းတိမ်းခဲ့ပြီး တွေ့ရှိဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် နောင်တွင် ရှောင်တစ်ခင်ဝင်ရောက်ဖမ်းဆီး စစဆေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်းရင်းမြစ် - ဝဏ္ဏ(မုံရွာ)



Follow us on