1. Home
  2. Special or Others

ဘယ်သူနဲ့မှမတူတဲ့ အလှတရားနဲ့ မော်ဒယ်လ်လောကကြီးကို လှုပ်ခါစေခဲ့သူ

Special or Others ก.ค. 02, 2561 view 1,812

အခုချိန်မှာ စးပါမော်ဒယ်လ်လို့ ဆိုလိုက်တာနဲ့ မြန်မာပြည်မှာဆို အောန်ဆိုင်း၊ သန္တာလှိုင် တို့ နိုင်ငံတစ်ကာမှာဆိုရင်တော့ Kendall Jenner တို့ Gigi Handid တို့ကို ပြေးမြင်မိပါလိမ့်မယ့်။ သူတို့ရဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင် တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလို့ ထင်ရပေမယ့် မော်ဒယ်လ်တွေတိုင်းမှာ ရှိနေတဲ့ ပုံစံမျိုးကိုပဲ သမရိုးကျအနေနဲ့ တွေ့ရမှာပါ။

အောန်ဆိုင်း၊ Gigi Handid


ဒါပေမယ့် အခုမျက်နှာသစ်မော်ဒယ်လ် တစ်ဦးဖြစ်တဲ့ တိဘက်သူလေး ‘ဆူနီယာနာ’ ကတော့ ဘယ်သူနဲ့မှမတူပဲ ကွဲပြားခြားနားတဲ့ ပုံစံနဲ့ မော်ဒယ်လ်လောကကြီးတစ်ခုလုံးကို အံ့အားသင့်သွားအောင် လှုပ်ခါစေနိုင်ခဲ့ပါတယ်။

‘ဆူနီယာနာ’ ဟာ ယူကေမှာ နေထိုင်သူဖြစ်ပြီး ခပ်စောင်းစောင်း မျက်ဝန်းအိမ်၊ အလယ်မှာစုပြီး ဖူးငုံနေတဲ့ နှုတ်ခမ်း၊ ဆောက်နဲ့ ထွင်းထုထားသလို မေးရိုးနဲ့ မှဲခြောက် အစက်ပျောက်လေးတွေက သူမရဲ့ မျက်နှာ အောက်ပိုင်းလေးမှာ လှလှပပနေရာယူနေကြပါတယ်။

ထူးခြားတာကတော့ သူမရဲ့ နှာခေါင်းဖြစ်ပါတယ်၊ မယုံနိုင်လောက်အောင် ဖြောင့်စင်းပြီး နှာတဲ့ရဲ့ ဗျတ်ဟာ ကျယ်ဝန်းလှပါတယ်။ ဒါကြောင့်မို့ သူမရဲ့ ပရိသတ်တွေက သူမကို Avatar ရုပ်ရှင်ထဲက မင်းသမီးလေး Neytiri လို့ တင်စားကြပါတယ်။

သူမဟာ လမ်းပေါ်မှာ သွားလာနေရင်း မော်ဒယ်လ်အေဂျင်စီ တစ်ခုဖြစ်တဲ့ The Squad Management က တွေ့သွားပြီး ကမ်းလှမ်းခဲ့ရာကနေ မော်ဒယ်လ်ဖြစ်လာတဲ့သူဖြစ်ပါတယ်။ အရပ် ၅ ပေ ၅ လက္မသာ ရှိပေမယ့် သူမရဲ့ ထူးခြားတဲ့ မျက်နှာတစ်ခုတည်းနဲ့ပဲ မော်ဒယ်လ်အေဂျင်စီက မျက်စိကျပြီး ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် သူမဟာ ဖက်ရှင်ရှိုးစင်မြင့်တွေထက်မှာ နေရာယူနေသလို သူမရဲ့ အင်စတာဂရမ်မှာလည်း ဖော်လိုဝါ ၂ သိန်းကျော်ရှိနေပါပြီ။ ဒါတောင် ဆူနီယာနာ ဟာ အခြားမော်ဒယ်လ်တွေလို ပုံတွေ မကြာခဏ တင်တတ်သူမဟုတ်ပါဘူး။

အခုဆိုရင် ဆူနီယာနာ ကို သူမရဲ့ ထူးခြားတဲ့ အလှတရားကြောင့် မော်ဒယ်လ်လောက က စောင့်ကြည့်နေရတဲ့ သူတစ်ယောက်လည်း ဖြစ်လာပါတယ်။ သူမကို အားပေးတဲ့ ပရိသတ်တွေကလည်း တစ်စထက်တစ်စ တို့လို့လာနေပါတယ်။

 



Follow us on