1. Home
  2. Movie Stars - Celebrity

ချစ်သူနဲ့အတူ ကြည်နူးစရာကောင်းတဲ့ ပုံလေးတွေတင်လိုက်တဲ့ ဧငြိမ်းဖြူ

Movie Stars - Celebrity ก.ค. 03, 2561 view 2,161

ဂီတလောကမှာ နေရာတစ်နေရာအခိုင်အမာရရှိထားတဲ့ အဆိုတော်ရဲရင့်အောင်နဲ့ မော်ဒယ်သရုပ်ဆောင် ဧငြိမ်းဖြူတို့ ချစ်သူနှစ်ဦးစလုံးက ပရိသတ်တွေကြား လူသိများကျော်ကြားတဲ့သူနှစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကသားတွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်က တစ်ခါတစ်လေသ၀န်တိုတာတွေရှိပေမယ့်လဲ နားလည်မှုတွေနဲ့ရှေ့ဆက်ရင်း ခိုင်မာတဲ့အချစ်ရေးကိုပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ လိုက်ဖက်ညီလှတဲ့သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းက (၁)နှစ်ရှိသွားပြီဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခြင်းကို အပြည့်အ၀ရရှိထားတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

ဧငြိမ်းဖြူက သူမရဲ့လုမှုကွန်ယက်မှာ ချစ်သူနဲ့အတူ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်လိုက်ပါတယ်။ ပုံလေးတွေက STUN Magazine အတွက်ရိုက်ကူးပေးထားတဲ့ ပုံလေးတွေဖြစ်ပြီး "ကိုယ်နဲ့တွဲရိုက်သူ Ye Yint Aung" ဆိုပြီး စနောက်ထားပါသေးတယ်။ ချစ်စရာကောင်းတဲ့ သူတို့နှစ်ဦးရဲ့ ပုံရိပ်လေးတွေကို Popolay ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်....

 

 

 



Follow us on